BBC navigation

ဟတ်ကာနီ အဖွဲ့ကို နာမည်ဆိုး စာရင်း အမေရိကန်သွင်း

နောက်ဆုံး ရေးသားချိန် 8 စက်တင်ဘာလ 2012 - 00:50 GMT

ဟတ်ကာနီ လက်စွဲ စာစဉ်

ပါကစ္စတန် အခြေစိုက် Haqqani အုပ်စုကို အကြမ်းဖက် အဖွဲ့အစည်းလို့ ဆိုပြီး အမေရိကန် အစိုးရက နာမယ်ဆိုး စာရင်းသွင်းတော့မယ်လို့ သိရပါတယ်။

အဲဒီ အဖွဲ့ဟာ အာဖဂန်နစ္စတန်က အကြမ်းဖက် တိုက်ခိုက်မှုတွေမှာ ပါဝင်တယ်လို့ စွပ်စွဲ ခံခဲ့ရပါတယ်။

ဒါတွေကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က လူသိရှင်ကြား အတည်ပြု ပြောကြားခဲ့ ပြီးတဲ့နောက် အခုတော့ အမေရိကန်က ဒီအဖွဲ့ကို စီးပွားရေး အရ အရေးယူတော့မှာ ဖြစ်ပါတယ်။

အခုလို ဟာခါနီ အဖွဲ့ကို နာမယ်ဆိုး စာရင်း သွင်းတာဟာ အမေရိကန် အစိုးရရဲ့ ဆတ်ဆတ်ထိ မခံတာကို ပြနေပြီး မဟာဗျူဟာ အရ အရေးပါတဲ့ ပါကစ္စတန်နဲ့ ဆက်ဆံရေးကို ထိခိုက်နိုင်တယ်လို့ တချို့ သုံးသပ်သူတွေက ဆိုနေပါတယ်။

အမေရိကန်ဖက်က ဆောင်ရွက်ချက်ဟာ အာဖဂန် နစ္စတန် အရေးမှာ ညှိနှိုင်း အဖြေရှာဖို့ အတွက် မရိုးမသား လုပ်နေတာကို ပြနေတယ်လို့ ဟာခါနီ အဖွဲ့ ခေါင်းဆောင် တွေက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။