BBC navigation

အစိုးရတပ်တွေကြောင့် အလက်ပိုမြို့ ရေပေးပိုက်ပျက်စီး

နောက်ဆုံး ရေးသားချိန် 8 စက်တင်ဘာလ 2012 - 23:39 GMT
aleppo_in_syria

တိုက်ပွဲတွေကြောင့် ပျက်စီးနေတဲ့ အလက်ပိုမြို့

ဆီးရီးယား နိုင်ငံမှာတော့ အစိုးရ တပ်တွေက ဝေဟင်ကနေ တိုက်ခိုက်ခဲ့တဲ့အတွက် အကြီးဆုံး မြို့ကြီးဖြစ်တဲ့ အလက်ပိုမြို့ကို သောက်သုံးရေ ပေးနေတဲ့အဓိက ပိုက်လိုင်းကြီး ပျက်စီးသွား ခဲ့ရတယ်လို့ အတိုက်အခံတွေဘက်ကပြော ပါတယ်။

အတိုက်အခံ တွေဘက်က စနေနေ့က ရိုက်ကူးပြီး ပြသထားတဲ့ ဗီဒီယိုထဲမှာ တော့ ကိုယ်လက် ခန္ဓာတွေ ပျက်စီးနေတဲ့ အလောင်းတွေနဲ့ အပျက်အစီးတွေကို ပြသထားပါတယ်။

အစိုးရတပ်ဖွဲ့တွေဟာ မြို့တွင်းက အဆောက်အအုံ တချို့ကို ပြန်လည် ထိမ်းချုပ် နိုင်ခဲ့ကြပြီ ဖြစ်တယ်လို့လည်း သတင်းတွေ ထွက်လာပါတယ်။

နိုင်ငံအတွင်းမှာ နောက်ဆုံး ဖြစ်ခဲ့တဲ့ တိုက်ခိုက်မှု တွေမှာတော့ လူပေါင်း ၁၀၀ လောက် သေဆုံး ခဲ့ကြရတယ် လို့ အတိုက်အခံ တွေဘက်က ပြောပါတယ်။ ဒါပေမယ့် ဒီသတင်းတွေကို အတည်ပြုလို့တော့ မရပါဘူး။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။