BBC navigation

ဂါဇာကို အစ္စရေး လေကြောင်းက တိုက်ခိုက်

နောက်ဆုံး ရေးသားချိန် 9 စက်တင်ဘာလ 2012 - 23:23 GMT

ဂါဇာက မြေအောက် လှိုင်ခေါင်းတွေ

ဂါဇာ ကမ်းမြောင် ဒေသမှာ အစ္စရေး စစ်လေယာဉ်တွေက လေကြောင်းကနေ အနည်းဆုံး သုံးကြိမ် တိုင်တိုင် တိုက်ခိုက်ခဲ့တယ်လို့ ပါလက်စတိုင်း အာဏာပိုင် တွေက ပြောပါတယ်။

Rafah ရာဖာ ဒေသက တိုက်ခိုက်မှာ အနည်းဆုံး ကလေးနှစ်ယောက် ဒဏ်ရာရခဲ့တယ်လို့ ကျန်းမာရေး အရာရှိတွေက ပြောပါတယ်။

ဂါဇာမြို့က ဖြစ်ခဲ့တဲ့ လေကြောင်းက တိုက်ခိုက်မှုတွေထဲက တခုဟာ ပါလက်စတိုင်း အကြမ်းဖက် အဖွဲ့တဖွဲ့ ဖြစ်တဲ့ ဟားမက်စ်ရဲ့ ဂါဇာမြို့က စစ်လေ့ကျင့်ရေး စခန်းကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာလို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ဂါဇာ မြောက်ပိုင်းက တခြား လေ့ကျင့်ရေး စခန်းတခုကို ပစ်မှတ်ထား တိုက်ခိုက်မှုကတော့ အီဂျစ် နယ်စပ်နားက မှောင်ခိုလမ်းကြောင်း လှိုင်ခေါင်း တခုနားမှာ ဖြစ်ခဲ့တာလို့ သိရပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။