BBC navigation

အီရတ် ဒုသမ္မတကို သေဒဏ်ချမှတ်

နောက်ဆုံး ရေးသားချိန် 9 စက်တင်ဘာလ 2012 - 15:47 GMT
Iraq vice_president

အီရတ် ဝန်ကြီးချုပ်ဟာ ပြိုင်ဘက် ဆူနီတွေ အပေါ် အောက်လမ်းနည်းနဲ့ အကောက်ကြံ နေတယ်လို့ မစ္စတာ ဟာ့ရှမီက စွပ်စွဲ

နိုင်ငံကနေ ထွက်ပြေး တိမ်းရှောင်နေတဲ့ အီရတ် ဒုတိယ သမ္မတ တာရတ် အဲလ် ဟာ့ရှမီကို အီရတ် တရားရုံး တခု ကနေ မျက်ကွယ် သေဒဏ် ချမှတ် လိုက်ပါ တယ်။

မစ္စတာ ဟာ့ရှမီဟာ အကြမ်းဖက် အဖွဲ့တွေကို ဖွဲ့စည်းပြီး ရှီယာ မူဆလင်တွေနဲ့ အစိုးရ လုံခြုံရေး တပ်ဖွဲ့ဝင်တွေကို ပစ်မှတ်ထား တိုက်ခိုက် တာတွေ လုပ်ခဲ့တဲ့ အတွက် တရားရုံးက အပြစ်ရှိကြောင်း ဆုံးဖြတ်ပြီး၊ ကြိုးမိန့် ချမှတ် လိုက်တာ ဖြစ်ပါတယ်။

သူ့ရဲ့ အမှုနဲ့ ပတ်သက်ပြီး အခုတော့ ဆူနီ၊ ရှီယာနဲ့ ကာ့ဒ် နိုင်ငံရေး အဖွဲ့တွေ အကြား အာဏာ မျှဝေ ယူထားတဲ့ အီရတ် အစိုးရ အတွက် နိုင်ငံရေး အကျပ်အတည်းတွေ ဖြစ်စေခဲ့ ပါတယ်။

ဒီနှစ် အစောပိုင်းက တိုင်းပြည် ကနေ ထွက်ပြေး သွားပြီး အခု လက်ရှိ တူရကီနိုင်ငံ မှာ နေထိုင် နေတဲ့ မစ္စတာ ဟာ့ရှမီက ရှီယာ လူမျိုး ဝန်ကြီးချုပ် နူရီ အဲလ် မာလီကီဟာ ပြိုင်ဘက် ဆူနီ တွေ အပေါ် အောက်လမ်းနည်း သုံးပြီး နိုင်ငံရေး အရ အကောက် ကြံ နေတာ ဖြစ်တယ်လို့ စွပ်စွဲ လိုက်ပါတယ်။

အစိုးရကတော့ ဒါဟာ တရားရေးနဲ့သာ သက်ဆိုင်တဲ့ အမှုဖြစ်တယ်လို့ အလေးအနက် ပြောကြား ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။