BBC navigation

မသန်စွမ်း အိုလံပစ် ပိတ်ပွဲ ကျင်းပ

နောက်ဆုံး ရေးသားချိန် 9 စက်တင်ဘာလ 2012 - 23:21 GMT

မသန်စွမ်း အိုလံပစ် ပိတ်ပွဲမှာ ဖျော်ဖြေနေတဲ့ Coldplay အဖွဲ့

လန်ဒန်က အိုလံပစ် အားကစား ရုံကြီးမှာ ၂၀၁၂ ခုနှစ် မသန်စွမ်း အိုလံပစ် အားကစား ပိတ်ပွဲကို ကြီးကျယ်ခမ်းနားစွား ကျင်းပခဲ့ပါတယ်။

Coldplay ဂီတအဖွဲ့ အတူ တခြား အနုပညာရှင် အကျော်အမော်တွေရဲ့ သီဆို ဖျော်ဖြေခဲ့သလို ဆပ်ကပ် ဆန်ဆန် အကသမားတွေ ကလည်း ကပြ ဖျော်ဖြေ ခဲ့ကြပါတယ်။

နိုင်ငံတကာ မသန်စွမ်း ကော်မတီ ဥက္ကဌ Sir Philip Craven က ဒီအားကစားပွဲကို ကျင်းပပြီး သမျှတွေထဲမှာ အကြီးကျယ်ဆုံးဘဲလို့ တင်စား ပြောဆို ခဲ့သလို အခုလို အဆင်ပြေ ချောမွေ့အောင် ဆန္ဒ အလျှောက် ပါ၀င် ဆောင်ရွက်ပေး ခဲ့ကြတဲ့ ထောင်သောင်းချီတဲ့ ကူညီသူတွေကို လန်ဒန် အိုလံပစ်နဲ့ မသန်စွမ်း အားကစားပွဲ ဥက္ကဌ ဆီဘတ်စတီယံ ကိုးကကျေးဇူးတင်ကြောင်း ပြောကြားခဲ့ပါတယ်။

လန်ဒန်မှာ ထွန်းညှိထားတဲ့ အိုလံပစ် မီးရှူးတိုင် ကိုလည်း ငြိမ်းသတ်လိုက်ပြီး ၂၀၁၆ ခုနှစ်မှာ အိုလံပစ် ပွဲတော် ကျင်းပမယ့် ဘရာဇီး နိုင်ငံ ရီယိုဒီ ဂျနဲယိုမြို့ ဆီကို သယ်ဆောင် သွားပြီ ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။