BBC navigation

ရခိုင်အရေး အမေရိကန် အစိုးရ စိုးရိမ်

နောက်ဆုံး ရေးသားချိန် 11 စက်တင်ဘာလ 2012 - 00:56 GMT

အမေရိကန် သံအမတ်ကြီး ဒဲရစ်မစ်ချဲလ်

မြန်မာ နိုင်ငံ အနောက်ပိုင်း ရခိုင်ဒေသမှာ မငြိမ်မသက် ဖြစ်ခဲ့မှုတွေနဲ့ ပတ်သက်လို့ အကြီးအကျယ် စိုးရိမ်မိတယ်လို့ မနေ့က တနင်္လာတုန်းက အမေရိကန် အစိုးရက ကြေညာချက် ထုတ်ပြန်ခဲ့ ပါတယ်။

အဲဒီ ဒေသကို အမေရိကန် အဆင့်မြင့် အရာရှိတွေ သွားရောက်ခဲ့ ပြီးတဲ့နောက် အခုလို ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လတုန်းက လူမျိုးရေး ပဋိပက္ခတွေ ဖြစ်ပွားခဲ့မှုကြောင့် လူအများအပြား သေဆုံးခဲ့ ရပြီး ထောင်သောင်းချီတဲ့ လူတွေ အိုးအိမ်မဲ့ ဖြစ်ခဲ့တဲ့ အဲဒီ ဒေသကို မြန်မာ နိုင်ငံ ဆိုင်ရာ အမေရိကန် သံအမတ်ကြီး ဒဲရစ်ခ် မစ်ချဲလ်နဲ့ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဂျိုးဇက်ဖ် ယွန်းတို့ နှစ်ရက်ကြာ သွားရောက် လေ့လာခဲ့တာ ဖြစ်ပါတယ်။

နှစ်ဖက်စလုံးမှာ ထိခိုက် နစ်နာမှုတွေ တွေ့ခဲ့ရပြီး လူတွေ ဒုက္ခရောက်နေတဲ့ အခြေအနေက တကယ့်ကို စိုးရိမ်စရာဘဲလို့ ရန်ကုန်မြို့မှာ ရှိတဲ့ အမေရိကန် သံရုံးက အထက်ပါ ခရီးစဉ် ပြီးတဲ့နောက် ကြေညာချက် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။