BBC navigation

အငြင်းပွားနေတဲ့ ကျွန်းစုတွေဆီ တရုတ်ကင်းလှည့်ယာဉ် စေလွှတ်

နောက်ဆုံး ရေးသားချိန် 11 စက်တင်ဘာလ 2012 - 17:23 GMT

အငြင်းပွားနေတဲ့ ကျွန်းစုတွေ ကိစ္စကြောင့် တရုတ်နဲ့ ဂျပန် ဆက်ဆံရေး တင်းမာလာ

တရုတ်နိုင်ငံကရော ဂျပန်နိုင်ငံကပါ သူပိုင်ကိုယ်ပိုင် အငြင်းပွားနေတဲ့ အရှေ့တရုတ် ပင်လယ်ပြင်က လူမနေတဲ့ ကျွန်းစုတွေနားဆီ တရုတ်အစိုးရက ကင်းလှည့်ယာဉ် နှစ်စင်း စေလွှတ်လိုက်ပါတယ်။

ဂျပန်က ဆဲန်ကာကူလို့ ခေါ်ပြီး တရုတ်က ဒေါင်ယူလို့ အမည်ပေးထားတဲ့ အဲဒီ ကျွန်းစုတွေအပေါ် တရုတ် နိုင်ငံက အချုပ်အခြာ အာဏာပိုင်ကြောင်း ပြဖို့ တရုတ်အစိုးရက ပြင်ဆင်ထားတယ်လို့ ရှင်ဝါ တရုတ်အစိုးရ သတင်းအေဂျင်စီ မှာ ဖေါ်ပြထားပါတယ်။

ဂျပန် သတင်းမီဒီယာတွေထဲမှာတော့ ဂျပန် အစိုးရဟာ အဲဒီကျွန်းစုတွေကို ပုဂ္ဂလိက ပိုင်ဆိုင်သူတွေဆီကနေ ဝယ်ဖို့ သဘောတူစာချုပ်တခုကို လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်ကြောင်းနဲ့ ဂျပန်အစိုးရမှာ ငြိမ်းချမ်းရေး ရည်ရွယ်ချက်သာ ရှိကြောင်း ဖေါ်ပြထားပါတယ်။

ဒီကိစ္စကို ကန့်ကွက်ဖို့ တရုတ်အစိုးရက တရုတ်နိုင်ငံ ဆိုင်ရာ ဂျပန် သံအမတ်ကြီးကို အစောပိုင်းတုန်းက ဆင့်ခေါ်ခဲ့ပါတယ်။

တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောခွင့်ရ ပုဂ္ဂိုလ် Hong lei က ဂျပန် အစိုးရရဲ့ မှားယွင်းတဲ့ ဒီဆုံးဖြတ်ချက်ကြောင့် တရုတ် နိုင်ငံက လူငယ် အမျိုးသား အမျိုးသမီးတွေ အားလုံး အကြီးအကျယ် အမျက် ထွက်နေကြကြောင်း၊ ဒါကို နားလည်နိုင်စွမ်း ရှိကြောင်း၊ တရုတ် ပြည်သူတွေအနေနဲ့ သူတို့ရဲ့ မျိုးချစ်စိတ်ကို ထိန်းထိန်းသိမ်းသိမ်း ဖေါ်ထုတ်ပြမယ်လို့ပဲ မျှော်လင့်ရပါကြောင်း ပြောသွားပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။