BBC navigation

လစ်ဗျား အမေရိကန် ကောင်စစ်ရုံး မီးရှို့

နောက်ဆုံး ရေးသားချိန် 12 စက်တင်ဘာလ 2012 - 01:21 GMT
egypt

ကိုင်ရို သံရုံး ဝင်းထဲ ဝင်လာပြီး အမေရိကန် အလံ စုတ်ဖြဲ

လစ်ဗျား နိုင်ငံ ဒုတိယ မြို့တော် ဘန်ဂါဇီ က အမေရိကန် ကောင်စစ်ဝန် ရုံး ကို လက်နက်ကိုင် လူတစုက ဝင်ရောက် စီးနင်းပြီး မီးရှို့ ခဲ့ ကြပါတယ်။

အမေရိကန် ရုပ်ရှင် ကားတကားက တမန်တော် မိုဟာမက်ကို စော်ကား ပုတ်ခတ်တယ် ဆိုပြီး ဆန္ဒပြ ရာကနေ ဆူပူ ဖျက်ဆီး ခဲ့ကြတာပါ။

အမေရိကန် တယောက် သေဆုံးကြောင်း လစ်ဗျား လုံခြုံရေး က ဆိုပါတယ်။

အစ္စလာမ္မစ် အုပ်စု တစုနဲ့ ပတ်သက်တယ် ဆိုတဲ့ သေနတ်သမား တွေက ဒုံးကျည်ပစ် လောင်ချာ တွေနဲ့ သံရုံးကို ပစ်ခတ် မီးတင်ရှို့ ခဲ့ကြတာပါ။

အခြေအနေ တည်ငြိမ်စ ပြုပြီး ကောင်စစ်ဝန်ရုံးကို ပိတ်ထားတယ်လို့ လစ်ဗျား အရာရှိ တွေက ဆိုပါတယ်။

လစ်ဗျား အကြမ်းဖက် ဆန္ဒပြ မှု မတိုင်ခင် နာရီပိုင်း အလိုမှာပဲ အီဂျစ် နိုင်ငံ ကိုင်ရို မြို့တော်က အမေရိကန် သံရုံးရှေ့မှာလဲ တမန်တော် မိုဟာမက် အကြောင်း ရုပ်ရှင် ကြောင့် စိတ်ဆိုး ဒေါသထွက် နေတဲ့ ထောင်နဲ့ချီတဲ့ လူအုပ်ကြီးက စုရုံး ဆန္ဒပြ ခဲ့ကြပါတယ်။

ဆန္ဒပြ သမား တချို့ကတော့ သံရုံး ဝင်းထဲ ဝင်လာပြီး အမေရိကန် အလံကို စုတ်ဖြဲ ပစ်ကြပြီးတော့ အီဂျစ် အလံကို လွှင့်တင် ခဲ့ကြပါတယ်။

အီဂျစ်နဲ့ လစ်ဗျားက သံရုံး တိုက်ခိုက်မှု တွေ အတွက် အမေရိကန် အစိုးရ က ရှုတ်ချ ခဲ့ပါတယ်။

ဆန္ဒပြ ပွဲတွေရဲ့ လက်သည် ရုပ်ရှင်ကို အမေရိကမှာ ဘယ်သူ တာဝန်ခံ ထုတ်တယ်တော့ မသိပါဘူး။

အာရပ် ဘာသာနဲ့ ယူကျု အင်တာနက် ဗီဒီယို ဖိုင်တွေ ပျံ့နေတာပါ။

အမေရိကန် နေ အစ္စရေး လူမျိုး အိမ်ယာမြေ ရောင်းဝယ်သူ တယောက်က ရိုက်တာလို့ အမေရိကန် သတင်းတွေက ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။