BBC navigation

ကာတာလိုးနီးယား ခွဲထွက်ရေး သန်းချီဆန္ဒပြ

နောက်ဆုံး ရေးသားချိန် 12 စက်တင်ဘာလ 2012 - 02:32 GMT
catalonia

ကာတာလိုးနီးယားကို စပိန်က ခွဲထွက်ခွင့် တောင်းဆို

စပိန် က ဒုတိယ မြို့တော် ဘာစီလိုနာ မှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ကာတာလိုးနီးယား နယ် လွတ်လပ်ရေး အတွက် လူ တသန်း ခွဲ ချီတက် ဆန္ဒပြ ခဲ့ကြပါတယ်။

ဆန္ဒပြ လူအုပ်ကြီးနဲ့ ပြည့်နေတဲ့ မြို့လယ်ကောင်မှာ အနီနဲ့ အဝါရောင် အလံတွေ ဝှေ့ယမ်းပြီး ဥရောပ နိုင်ငံသစ် ကာတာလိုးနီးယားလို့ ကြွေးကြော် ကြတာပါ။

ဒီလောက် များတဲ့ လွတ်လပ်ရေး ထောက်ခံသူ လူအုပ်ကြီးကို သူ့တသက်မှာ မမြင်ဖူးကြောင်း ကာတာလိုးနီးယား ဒေသ လွှတ်တော် အမတ် Alfredo Bosch က ဘီဘီစီကို ပြောပါတယ်။

ကာတာလိုးနီးယား မှာ အကြီးကျယ်ဆုံး လွတ်လပ်ရေး ဆန္ဒပြ ပွဲကြီးပဲလို့ သတင်းထောက် တွေက ဆိုပါတယ်။

အခွန် သဘော တူညီမှု အတွက် ကာတာလိုးနီးယားနဲ့ ပြန်ညှိနှိုင်းဖို့ ဒေသ လွှတ်တော် ကလဲ စပိန် အစိုးရကို တောင်းဆို နေပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။