BBC navigation

လစ်ဗျားတိုက်ခိုက်မှု အမေရိကန်သံအမတ် သေဆုံး

နောက်ဆုံး ရေးသားချိန် 12 စက်တင်ဘာလ 2012 - 10:01 GMT
Libya Map

လစ်ဗျား နိုင်ငံအရှေ့ပိုင်း ဘန်ဂါဇီမြို့က ကောင်စစ်ဝန်ရုံးကို တိုက်ခိုက်ခံခဲ့ရပြီး လစ်ဗျားဆိုင်ရာ အမေရိကန် သံအမတ် John Christopher Stevens သေဆုံးသွားတယ်လို့ လစ်ဗျား အရာရှိတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

တမန်တော် မိုဟာမက်ကို စော်ကားတယ်လို့ ဆိုတဲ့ အမေရိကန်ထုတ် ရုပ်ရှင်နဲ့ပတ်သက်ပြီး ကန့်ကွက်တဲ့အနေနဲ့ ဒေသတွင်း ပြည်သူ့စစ်တွေက ကောင်စစ်ဝန်ရုံးကို တိုက်ခိုက်ကြရာမှာ သံရုံး မီးလောင်ပြီး သံအမတ် အပါအဝင် အမေရိကန် အရာရှိ ၄ ဦး သေဆုံးခဲ့တယ်လို့ လစ်ဗျားက လာတဲ့ သတင်းတွေက ဆိုပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဌာနကတော့ အမေရိကန် အရာရှိ တစ်ဦးသေဆုံးတယ်လို့ အတည်ပြုပေမယ့် နာမည်ကိုတော့ ထုတ်မပြောသေးပါဘူး။

ဒီရုပ်ရှင်ကြောင့် အီဂျစ်နိုင်ငံ ကိုင်ရိုမြို့က အမေရိကန် သံရုံးလည်း တိုက်ခိုက် ခံခဲ့ရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။