BBC navigation

ပါကစ္စတန် အထည်ချုပ် စက်ရုံ မီးလောင်မှု လူ ၂၀၀ ကျော် သေဆုံး

နောက်ဆုံး ရေးသားချိန် 12 စက်တင်ဘာလ 2012 - 15:39 GMT

စက်ရုံရဲ့ ပြတင်းပေါက်တွေကို သံတိုင်တွေ တပ်ထားတာ ဖြစ်ပါတယ်

ပါကစ္စတန်နိုင်ငံ အကြီးဆုံးမြို့ဖြစ်တဲ့ ကရာချိက အထည်ချုပ် စက်ရုံတခုမှာ မီးလောင်မှု ဖြစ်ပွား ခဲ့တဲ့ အတွက် လူပေါင်း ၂၀၀ ကျော် သေဆုံး သွားပါတယ်။

ဒီမီးလောင်မှုဟာ ပါကစ္စတန်မှာ အဆိုးဝါးဆုံး စက်ရုံ မီးလောင်မှု တခု ဖြစ်ပါတယ်။ ကယ်ဆယ်ရေး အဖွဲ့တွေဟာ အထပ် ၄ ထပ် ရှိတဲ့ ဒီစက်ရုံရဲ့ အပေါ်ထပ် ပိုင်းနဲ့ မြေအောက်ခန်း တွေဆီကို ဝင်လို့ရအောင် မနည်း ကြိုးစားဆောင်ရွက် ခဲ့ရပါတယ်။

အင်္ဂါနေ့ ညဦးပိုင်း ကနေ စတင် လောင်ကျွမ်းလိုက်တဲ့ မီးဟာ တညလုံး အရှိန် ကောင်းကောင်းနဲ့ လောင်ကျွမ်း နေခဲ့တာ ဖြစ်ပါတယ်။

လူတွေဟာ အပေါ်ထပ် ပြတင်းပေါက် တွေကနေ လက်တွေ ပြပြီး အကူအညီ တောင်းခံနေတာတွေနဲ့ တချို့ကလည်း အမိုးပေါ်ကနေ အောက်ကို ခုန်ချခဲ့ ကြတာကို တွေ့မြင်ခဲ့ ရတယ်လို့ မျက်မြင် တွေ့ရှိ သူတွေက ပြောပါတယ်။

စက်ရုံရဲ့ ပြတင်းပေါက်တွေကို သံတိုင်တွေ တပ်ထားတာ ဖြစ်ပြီး၊ အရေးပေါ် ထွက်ပေါက် ဆိုတာမျိုးလည်း မရှိသလို၊ လုံခြုံရေး ဆောင်ရွက်ထားချက် တစုံတရာ မတွေ့ရဘူးလို့ ပါကစ္စတန် အရာရှိတဦးက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။