BBC navigation

အာဖရိက ခေါင်းဆောင် တွေကို အာနန် သတိပေး

နောက်ဆုံး ရေးသားချိန် 14 စက်တင်ဘာလ 2012 - 02:52 GMT
annan

လူထု နိုးကြား မှုကို ခေါင်းဆောင်တွေ သိဖို့ကောင်း

အာရပ် နွေဦး လှုပ်ရှားမှု ကြောင့် ဒီမို ကရေစီ လိုလား ထောက်ခံမှု တွေ ပျံ့နှံ့ ကုန်တာမို့ ဒါကို အာဏာ သက်တမ်း ရှည်တဲ့ အာဖရိက ခေါင်းဆောင်တွေ ဂရုစိုက် သင့်ပြီလို့ ကုလ သမဂ္ဂ အတွင်းဝန် ချုပ်ဟောင်း ကိုဖီ အာနန်က ပြောကြား လိုက်ပါတယ်။

လူထု နိုးကြား မှု၊ ပြည်သူ့ အခွင့်အရေး နားလည် နေမှု တွေကို ခေါင်းဆောင်တွေ သိဖို့ ကောင်းပြီး ဒီမို ကရေစီ နည်းမကျတဲ့ အမူအကျင့်တွေ မသုံးသင့် တော့ဘူးလို့ ဘီဘီစီ နဲ့ တွေ့ဆုံရာမှာ သူက ဆိုပါတယ်။

ဆီးရီးယား ပဋိပက္ခ ကို နိုင်ငံရေးနည်း နဲ့ အဖြေရှာ လို့ မရသေးတာ ရှက်စရာ ကောင်းတာမို့ လက်တွဲ လုပ်ကြဖို့လဲ ဆီးရီးယား အရေး ညှိနှိုင်း ပေးခဲ့တဲ့ မစ္စတာ အာနန် က နိုင်ငံတကာ အသိုင်းအဝိုင်းကို ဆော်သြ လိုက်ပါတယ်။

ဆီးရီးယား အထူး ကိုယ်စားလှယ်သစ် မစ္စတာ ဘရာမီ ကြာသပတေး နေ့က ဆီးရီးယားကို ဆိုက်ရောက်လာပြီး နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ခဲ့ကာ သမ္မတ အာဆတ်နဲ့ သောကြာနေ့ တွေ့မယ် လို့လဲ သိရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။