BBC navigation

အာရပ်ကမ္ဘာတဝန်း ဆန္ဒပြမှုတွေ ပြန့်

နောက်ဆုံး ရေးသားချိန် 13 စက်တင်ဘာလ 2012 - 13:17 GMT

အာရပ်ကမ္ဘာတဝှမ်း ဆန္ဒပြမှုတွေ ပြန့်နေ

အစ္စလာမ် ဘာသာဝင်တို့ အလေးအမြတ်ထားရာ တမန်တော် မိုဟာမက်ကို လှောင်ပြောင်ထားတယ်ဆိုတဲ့ ရုပ်ရှင်နဲ့ ပတ်သက်လို့ အာရပ် ကမ္ဘာ တဝန်းမှာ ဒေါသတကြီး ဆန္ဒပြမှုတွေ ပြုလုပ်နေကြပါတယ်။

ယီမင်နိုင်ငံက ဆာနာ မြို့တော်မှာ ဆန္ဒပြသူတွေက အမေရိကန် သံရုံးဝင်းထဲကို အတင်းဝင်ရောက်ခဲ့ကြပြီး ကားတွေကို မီးရှို့ခဲ့ကြလို့ လုံခြုံရေးတွေက သံရုံးဝင်းထဲက ထွက်သွားအောင် ကျည်ဆန်အစစ်တွေနဲ့ ပစ်ခတ် မောင်းထုတ်ခဲ့ရပါတယ်။

အီဂျစ် နိုင်ငံက ကိုင်ရို မြို့တော်မှာလည်း အမေရိကန် သံရုံး အပြင်ဘက်မှာ အကြမ်းဖက်မှုတွေ ပိုမို ဖြစ်ပွားနေပါတယ်။

ဆန္ဒပြသူ တချို့က အမေရိကန် သံအမတ်ကြီးကို နှင်ထုတ်ပစ်ဖို့ အထိကိုပါ တောင်းဆို ခဲ့ကြပါတယ်။

ရဲတွေက ခဲတွေနဲ့ပစ်ပေါက်နေကြတဲ့ ဆန္ဒပြသူတွေကို မျက်ရည်ယို ဗုံးတွေသုံးပြီး ထိန်းခဲ့ရပါတယ်။

တူနီးရှား၊မော်ရိုကို၊ ဆူဒန်၊မော်ရီတေးနီးယားနဲ့ အီရန်နိုင်ငံတွေမှာလည်း ဆန္ဒပြမှုတွေ ဖြစ်နေပါတယ်။

နေတိုးအဖွဲ့က အာဖဂန် နစ္စတန် နိုင်ငံထဲမှာ ရှိနေတဲ့ သူတို့ရဲ့ တပ်ဖွဲ့တွေကို အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖြစ်လာနိုင်တဲ့ အတွက် တပ်လှန့် ထားပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။