BBC navigation

အီရန်နျူအရေး IAEA ဆွေးနွေး

နောက်ဆုံး ရေးသားချိန် 13 စက်တင်ဘာလ 2012 - 16:08 GMT
_iran_nuclear

အီရန်နျူအရေးကို ပူပန်နေတဲ့ IAEA

ကုလသမဂ္ဂရဲ့ နျူကလီးယား စောင့်ကြည့် လေ့လာ ရေး အဖွဲ့ IAEA ဟာ စည်းဝေးပွဲ ကျင်းပ နေပါတယ်။

အဲဒီ အစည်းအဝေးကနေ အီရန် နိုင်ငံရဲ့ နျူကလီးယား အစီအစဉ် တွေနဲ့ ပတ်သက်လို့ ပြစ်တင် ရှုံ့ချ မှုတွေ လုပ်သွား မယ်လို့ ခန့်မှန်း လို့ရပါတယ်။

ဘီဘီစီက တွေ့မြင်ခဲ့ရတဲ့ ဆုံးဖြတ်ချက် မူကြမ်းထဲမှာ အမေရိကန်၊ ဗြိတိန်၊ တရုတ်၊ ပြင်သစ် ၊ ဂျာမနီ နဲ့ ရုရှား တို့က အီရန်ရဲ့ ယူရေနီယံ သန့်စင်မှု တွေနဲ့ ပတ်သက်လို့ အင်မတန် စိုးရိမ်မကင်း ဖြစ်နေကြပါတယ်။

ဒါဟာ အစ္စရေး နိုင်ငံက အီရန်ကို စစ်ရေးနဲ့ အရေးယူဖို့ ခြေတလှမ်း တိုးတော့ မယ်လို့ အရိပ်အယောင်တွေ ပြလာချိန်မှာ အင်အားကြီး ၆ နိုင်ငံက သူတို့ရဲ့ စုစည်း ညီညွတ်မှုကို ပြသ နိုင်တာ ဖြစ်တယ်လို့ ဘီဘီစီ သတင်းထောက်က သုံးသတ်ထား ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။