BBC navigation

သံတမန်တွေကို ကာကွယ်သွားမယ်လို့ အီဂျစ်သမ္မတပြော

နောက်ဆုံး ရေးသားချိန် 13 စက်တင်ဘာလ 2012 - 15:51 GMT
morsi

သံတမန်တွေကို ကာကွယ်ပေးမယ့် အီဂျစ်သမ္မတ မော်ဆီ

အီဂျစ် သမ္မတ မိုဟာမက် မော်ဆီကအစ္စလာမ် ဘာသာကို စော်ကားတဲ့ ရုပ်ရှင် အတွက် အာရပ်ကမ္ဘာ တလွှားမှာ စိတ်ဆိုး ဒေါသထွက် နေကြတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် သူက နိုင်ငံခြား သံရုံးတွေနဲ့ နိုင်ငံခြားသား တွေကို တိုက်ခိုက် ခံရမှု တွေကနေ ကာကွယ် သွားမယ်လို့လည်း ဆိုလိုက်ပါတယ်။

မစ္စတာ မော်ဆီက အသက်တချောင်းရဲ့ တန်ဘိုးရှိပုံနဲ့ အပစ်မဲ့သူတွေကို သတ်ဖြတ်တာကို အစ္စလာမ်မှာ လက်မခံတဲ့ အကြောင်း၊ လွတ်လပ်စွာ ဆန္ဒပြခွင့် တွေရှိတာ မှန်ပေမယ့် အများပိုင် အဆောက်အဦတွေ နဲ့ နိုင်ငံခြား သံရုံးတွေကို တိုက်ခိုက်တာတွေ လုပ်ဖို့ မလိုကြောင်းတွေကို ပြောကြား သွားပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့က လစ်ဗျား နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး ခရစ္စတိုဖာ စတီဗင်းစ် သေဆုံး ခဲ့ရတဲ့ နောက်မှာ အမေရိကန် သမ္မတ အိုဘားမားကလည်း သမ္မတ မော်ဆီနဲ့ လစ်ဗျား သမ္မတ တို့ကို ဖုန်းနဲ့ ဆက်သွယ်ပြီး အမေရိကန် သံတမန် တွေကို ကာကွယ်ပေးသွားဖို့ အတွက် အမေရိကန်နဲ့ လက်တွဲ ဆောင်ရွက်သွားဖို့ကို ပြောကြား ခဲ့ပါတယ်။

အဲဒီနေ့က အမေရိကန် သံရုံးကို တိုက်ခိုက် ခဲ့တာ တွေကလည်း နောက်မှာ ဂျစ်ဟဒ် အဖွဲ့တွေ ပါဝင်ကောင်း ပါဝင် နေနိုင် သလို စနစ်တကျ တိုက်ခိုက်ခဲ့တာ ဖြစ်တဲ့ အတွက် ဒီကိစ္စဟာ ရှုပ်ထွေး နက်နဲတယ်လို့ အမေရိကန် အရာရှိ တွေက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။