BBC navigation

အမေရိကန် နိုင်ငံသားတွေ အတွက် လုံခြုံရေး

နောက်ဆုံး ရေးသားချိန် 14 စက်တင်ဘာလ 2012 - 01:54 GMT
obama

အဝေးရောက် အမေရိကန် တွေကို ကာကွယ် ရမယ်

အာရပ် တိုင်းပြည် တွေက အမေရိကန် သံရုံး တွေကို ဆန္ဒပြပွဲ တွေ ပျံ့နှံ့ နေတဲ့ အတွက် အဝေး ရောက် အမေရိကန် တွေကို ကာကွယ်ဖို့ လိုတာ မှန်သမျှ ဆောင်ရွက် သွားမယ်လို့ သမ္မတ အိုဘားမား ကတိပေး လိုက်ပါတယ်။

အမေရိကန် တွေ အတွက် လိုအပ်တဲ့ လုံခြုံရေး ပေးကြဖို့ နိုင်ငံခြား အစိုးရ တွေကို တိုက်တွန်း ခဲ့တယ် လို့ မစ္စတာ အိုဘားမားက ဆိုပါတယ်။

ဘန်ဂါဇီ က အမေရိကန် ကောင်စစ်ဝန်ရုံး တိုက်ခိုက်မှု နဲ့ ဆက်နွယ်သူ အတော်များများ ကို ဖမ်းထားတယ် လို့လဲ လစ်ဗျား အာဏာပိုင် တွေက ပြောပါတယ်။

ဒီအမှု အကြောင်း စုံစမ်း နေတာ အတော် တိုးတက်နေပြီလို့ လစ်ဗျား ဝန်ကြီးချုပ်သစ် မူစတာဖာ အဘူ ရှာကားက ဆိုပါတယ်။

နောက်ဆုံး ဖြစ်ပွား ခဲ့တဲ့ ဆန္ဒပြမှု တွေမှာ ယီမင် အမေရိကန် သံရုံးထဲ ဆန္ဒပြ သူတွေ ချိုးဖျက် ဝင်လာကြပြီး လုံခြုံရေး တွေက မောင်းထုတ် ခဲ့ရ ပါတယ်။

ကိုင်ရိုက အမေရိကန် သံရုံး အပြင်မှာလဲ အချင်း ဖြစ်ပွားပြီး အီဂျစ် နိုင်ငံသား နှစ်ရာ ကျော် ထိခိုက် ဒဏ်ရာ ရခဲ့ပါတယ်။

အီရတ် ကျူနီးရှား မော်ရိုကို ဂါဇာ ဆူဒန် မော်ရစ် တေးနီးယား အီရန် နိုင်ငံ တွေမှာလဲ အမေရိကန် ဆန့်ကျင်ရေး ဆန္ဒပြပွဲ တွေ ပေါ်ပေါက် ခဲ့ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။