BBC navigation

အာဖဂန် စစ် အခြေစိုက် စခန်း တိုက်ခိုက်ခံရ

နောက်ဆုံး ရေးသားချိန် 15 စက်တင်ဘာလ 2012 - 01:05 GMT
Camp Bastion

မင်းသား ဟယ်ရီ လဲ ဒီစစ်စခန်းမှာ ထမ်းဆောင်

အာဖဂန် နစ္စတန် တောင်ပိုင်းက နိုင်ငံတကာ စစ် အခြေစိုက် စခန်း တခုကို စစ်သွေးကြွ တွေ တိုက်ခိုက်မှုမှာ အမေရိကန် ကမ်းတက် တပ်သား ၂ ယောက် အနည်းဆုံး သေဆုံး တယ်လို့ အမေရိကန် အာဏာပိုင် တွေက ပြောပါတယ်။

ဟယ်လမန် ခရိုင်က Camp Bastion စခန်း တိုက်ခိုက် ခံရမှုမှာ အနည်းဆုံး အမေရိကန် ၅ ယောက် ဒဏ်ရာ ရခဲ့ပါတယ်။

တိုက်ခိုက်သူတွေဟာ ခြံဝင်းထဲ ဖျက်ဆီး ဝင်လာပြီး မော်တာ ကျည်ဆံနဲ့ RPG ဒုံးကျည်ပစ် လောင်ချာတွေ သုံးပြီး တိုက်ခိုက် တယ်လို့ ကနဦး သတင်း ပေးပို့ချက် တွေက ဆိုပါတယ်။

ဒီလို တိုက်ခိုက် ခံရချိန်မှာ ဗြိတိသျှ တော်ဝင် မင်းသား ဟယ်ရီ လဲ ဒီစစ်စခန်း မှာ တာဝန် ထမ်းဆောင် နေတယ်လို့ သိရပါတယ်။

ဟယ်ရီ မင်းသား တစုံတရာ ဘေးရန် ကျရောက်မှု မရှိခဲ့ပါဘူး။

တိုက်ခိုက်မှု လက်သည် ဖော်ထုတ် နိုင်ဖို့ သိပ်စော နေသေးတယ်လို့ အရာရှိ တယောက်က ဘီဘီစီကို ပြောပါတယ်။

၂ဝ၁၄ မှာ အာဖဂန် နစ္စတန်က နိုင်ငံခြား တပ်တွေ ဆုတ်ခွာရင် ဆူပူ ထကြွလာမှာကို စိုးရိမ် ကြောက်လန့် နေကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။