BBC navigation

ကိတ်ရဲ့ အပေါ်ပိုင်း အဝတ် မပါ ဓါတ်ပုံ တော်ဝင် မိသားစု စိတ်ဆိုး

နောက်ဆုံး ရေးသားချိန် 14 စက်တင်ဘာလ 2012 - 15:51 GMT
Kate Middleton

သတင်း သမားတွေက ကက်သရင်း မင်းသမီးရဲ့ ကိုယ်ရေး လွတ်လပ်ခွင့် ကို ထိပါး လွန်း တယ်လို့ ဆို

ဗြိတိန် နိုင်ငံက ကိမ်းဘရစ်ချ် မြို့စားနဲ့ မြို့စား ကတော် ဖြစ်သူ မင်းသား ဝီလျံနဲ့ ဇနီး ကိတ် တို့က ပြင်သစ် မဂ္ဂဇင်း တစ်စောင်မှာ ဖော်ပြ ခဲ့တဲ့ ကိတ် ရဲ့ ခန္ဓာကိုယ် အပေါ်ပိုင်း အဝတ် အစား မပါတဲ့ ရုပ်ပုံတွေ နဲ့ ပတ်သက်ပြီး စိတ်ဆိုး ဒေါသထွက် နေကြောင်း တော်ဝင် မိသားစု ဆိုင်ရာ တာဝန်ခံ တွေက ပြော ပါတယ်။

မင်းသား ဝီလျံဟာ ဗြိတိသျှ နန်းသက်ကို ဆက်ခံ နိုင်ခွင့် ဒုတိယ နေရာမှာ ရှိနေသူ လည်းဖြစ်ပါတယ်။

ကိုယ်ရေး လွတ်လပ် ခွင့်ကို ထိပါး ကျူးကျော်တာဟာ ကြမ်းတမ်း ရိုင်းစိုင်းပြီး လက်သင့် ခံနိုင်စရာ မရှိကြောင်း သူတို့က ပြောပါတယ်။

မင်းသား ဝီလျံတို့ ဇနီးမောင်နှံက ပြင်သစ် နိုင်ငံက ရှေ့နေတွေဆီကနေ အကြံဉာဏ်တွေ ရယူဖို့ ကြိုးပမ်း နေကြ ပါတယ်။

ဓါတ်ပုံတွေကို မင်းသား ဝီလျံနဲ့ ကိတ်တို့ ပြင်သစ် နိုင်ငံ က ကိုယ်ပိုင် ရဲတိုက်ကြီး ထဲမှာ အပမ်းဖြေ ခရီး ထွက်တုန်း ရိုက်ယူ ထားခဲ့တာ ဖြစ်ပါတယ်။

ဒီဓါတ်ပုံ တွေဟာ မင်းသား ဝီလျံရဲ့ မိခင် ဒိုင်ယာနာ မင်းသမီး သက်ရှိ ထင်ရှား ရှိခဲ့စဉ်က သတင်း မီဒီယာတွေ အလွန် အကျွံ အဆိုးဝါးဆုံး လုပ်ဆောင်မှု တွေကို အမှတ် ရစေ တယ်လို့ တော်ဝင် မိသားစု အရာရှိ တွေက ပြောပါတယ်။

မဂ္ဂဇင်း ရဲ့ အမျိုး သမီး အယ်ဒီတာ လောရင့်စ် ပီယို Laurence Pieau က သူတို့ စုံတွဲကို အနီး အနား လမ်း တစ်လမ်း ပေါ်ကနေ တွေ့မြင် နိုင်တယ်လို့ ပြောပါတယ်။

ပြင်သစ် နိုင်ငံမှာဆို အပေါ်ပိုင်း အဝတ် မဝတ်တဲ့ မိန်းကလေးတွေ ကို ပင်လယ် ကမ်းခြေတိုင်းမှာ တွေ့နေကျ ဖြစ်လို့ အခု မဂ္ဂဇင်းပါ ဓါတ်ပုံ တွေနဲ့ ပတ်သက်ပြီး ဒီလောက်ထိ မတုံ့ပြန် သင့်ဘူးလို့ လည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။