BBC navigation

သံရုံးတွေ ဆက်လက် တိုက်ခိုက်ခံရ

နောက်ဆုံး ရေးသားချိန် 15 စက်တင်ဘာလ 2012 - 02:11 GMT
sudan

ခါတွမ်းက အနောက် သံရုံးတွေကို တိုက်ခိုက်

တမန်တော် မိုဟာမက်ကို စော်ကားတယ် ဆိုတဲ့ အမေရိကန် ရိုက် ရုပ်ရှင်ကား ကို ဆန္ဒပြ ပွဲတွေ မွတ်ဆလင် နိုင်ငံ တွေမှာ ထပ်ပြီး ပျံ့နှံ့သွား ပါတယ်။

အနည်းဆုံး နိုင်ငံ ၁၅ နိုင်ငံမှာ သောကြာနေ့ ဝတ်ပြု အပြီး ဒေါသ ထွက်နေတဲ့ လူအုပ်ကြီးက ဆန္ဒပြ ခဲ့ကြပါတယ်။

သောကြာနေ့က ဖြစ်ပွားတဲ့ ဆန္ဒပြမှုတွေ အတွင်း အနည်းဆုံး ၇ ဦး သေဆုံးပါတယ်။

သေသူ အားလုံးဟာ ဆန္ဒပြသူတွေ ဖြစ်ကြတယ်လို့ ယူဆ ရပါတယ်။

ကျူနီးရှားနဲ့ ဆူဒန်က အနောက် နိုင်ငံ သံရုံး တွေကို လူအုပ်က တိုက်ခိုက်တာ ခံရပါတယ်။

ကျူးနစ် မြို့တော် အမေရိကန် သံရုံးနား မှာ ခိုက်ရန် ဖြစ်ပွားပြီး ဆန္ဒပြ သူ နှစ်ဦး သေဆုံးတယ်လို့ ကျူနီးရှား အစိုးရ ရုပ်သံက ဆိုပါတယ်။

ဆူဒန် နိုင်ငံ ခါတွမ်းက ဗြိတိန်နဲ့ ဂျာမနီ သံရုံးတွေ တိုက်ခိုက် ခံရပြီး အမေရိကန် သံရုံးထဲ ဝင်ဖို့ ကြိုးစားတဲ့ လူအုပ်ကို လုံခြုံရေးက ဟန့်တားရာက သုံးယောက် သေဆုံးတယ်လို့ အစိုးရ က ကြေညာ ပါတယ်။

နောက်ထပ် သေဆုံးသူတွေ ကတော့ အီဂျစ်မှာ တဦး လက်ဘနွန် မှာ တဦး ဖြစ်ပါတယ်။

အကြမ်းဖက် ဆူပူမှု တွေ ရပ်တန့်ကြဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က နှိုးဆော် ခဲ့ပါတယ်။

အီဂျစ် လစ်ဗျား ယီမင် ကျူနီးရှား နိုင်ငံသား တွေဟာ အာဏာရှင်ရဲ့ ရက်စက်မှု နဲ့ လူအုပ်ဖွဲ့ ရမ်းကား မှု ကို လဲမယ့်သူတွေ မဟုတ်ပါဘူးလို့ မစ္စစ် ကလင်တန်က ပြောကြား ခဲ့ပါတယ်။

သမ္မတ အိုဘားမား ကတော့ အမေရိကန် သံတမန် တွေကို အကြမ်းဖက် တိုက်ခိုက်တာတွေ အပေါ် အမြန် တုံ့ပြန် သွားမယ်လို့ ဆိုပါတယ်။

ဒီလို အမေရိကန် သံရုံးတွေကို တိုက်ခိုက်မှုတွေ အနှံ့အပြား ဖြစ်လာချိန်မှာ သံတမန် တွေအတွက် လုံခြုံရေး တိုးချထားတယ်လို့ သူကပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။