BBC navigation

အာဖဂန်က မဟာမိတ် စစ်စခန်းတခု တိုက်ခိုက်ခံရ

နောက်ဆုံး ရေးသားချိန် 15 စက်တင်ဘာလ 2012 - 16:21 GMT

၄ နာရီကြာ တိုက်ပွဲ အတွင်း အမေရိကန် မရိန်း တပ်သား ၂ ဦးနဲ့ တာလီဘန် သူပုန် ၁၈ ဦး သေဆုံး

အာဖဂန် နစ္စတန်က နိုင်ငံတကာ တပ်ဖွဲ့ ISAF ရဲ့ အရေးအကြီးဆုံး တပ်စခန်း တခု ဖြစ်တဲ့ ဘာ့စတီယန် စခန်းကို တာလီဘန် သူပုန်တွေက ချိုးဖေါက် ဝင်ရောက် တိုက်ခိုက် နိုင်ခဲ့တယ်လို့ နိုင်ငံတကာ တပ်ဖွဲ့က ဝန်ခံ ပြောကြား လိုက်ပါ တယ်။

ဟဲလ်မန်း ပြည်နယ်မှာ ရှိတဲ့ ဘာ့စတီယန် စခန်း ခြံစည်းရိုးက လုံခြုံရေး အားနည်းချက် ရှိနေတဲ့ အပိုင်းကို တာလီဘန်တွေ တွေ့ရှိ သွားပြီး အဲဒီ ကနေ ဝင်ရောက် ခဲ့ကာ စခန်းထဲက လေယာဉ်ကွင်းကို တိုက်ခိုက် ခဲ့တာ ဖြစ်ပါတယ်။

ခြံစည်းရိုးဝင်းကို အသေခံဗုံးခွဲ သမားက ဖေါက်ခွဲ လိုက်တဲ့ အချိန်မှာ တိုက်ပွဲ စတင်ပြီး၊ ၄ နာရီကြာ တိုက်ပွဲ အတွင်း အမေရိကန် မရိန်း တပ်သား ၂ ဦးနဲ့ တာလီဘန် သူပုန် ၁၈ ဦး သေဆုံး သွားခဲ့ ပါတယ်။

ဗြိတိသျှ တတိယ နန်းလျာ (နန်းရန်)မင်းသား ဟယ်ရီ ဟာ အဲဒီစခန်းမှာ ရဟတ်ယာဉ်မောင်း လေယာဉ်မှူးအဖြစ် တာဝန် ထမ်းဆောင် နေတာ ဖြစ်လို့ ဒီစခန်းကို ပစ်မှတ်ထား တိုက်ခိုက် ရတာ ဖြစ်ကြောင်း တာလီဘန်တွေက ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။