BBC navigation

စပိန်နဲ့ပေါ်တူဂီမှာ ခြိုးခြံရေးအစီအမံတွေကို ဆန္ဒပြကြ

နောက်ဆုံး ရေးသားချိန် 16 စက်တင်ဘာလ 2012 - 00:58 GMT
spain_protest

စပိန်က ဆန္ဒပြနေကြသူများ

စပိန်နဲ့ ပေါ်တူဂီ နိုင်ငံတွေ မှာတော့ အစိုးရရဲ့ ခြိုးခြံ ချွေတာရေး အစီအမံတွေကို မကျေနပ် ကြတဲ့ လူအုပ်ကြီးတွေ ချီတက် ဆန္ဒပြ ခဲ့ကြ ပါတယ်။

စပိန်က မဒရစ် မြို့တော်မှာ ချီတက် ဆန္ဒပြခဲ့ ကြတဲ့ သောင်းနဲ့ချီ ရှိတဲ့ လူအုပ်ကြီးက အစိုးရရဲ့ အသုံး စားရိတ် ဖြတ်တောက် မှုတွေဟာ ချမ်းသာသူ တွေကို မထိခိုက် စေဘဲ ဝင်ငွေနည်းသူတွေကိုသာ အထိနာ စေတယ်လို့ ဆိုပြီး ဆန္ဒပြခဲ့ ကြတာ ဖြစ်ပါတယ်။

ဆန္ဒပြသူ တဦးက ကျောင်းသားတွေ၊ သူငယ်ချင်း နဲ့ မိတ်ဆွေတွေ အားလုံး အရည် အချင်း ရှိကြပေမယ့်လို့ ကျောင်းတွေ မတက်နိုင်ဘဲ ထွက်ခဲ့ကြရတဲ့ အကြောင်းနဲ့ ဖွံ့ဖြိုးပြီး နိုင်ငံဖြစ်နေပေမယ့်လည်း ကျန်းမာရေး နဲ့ ပညာရေး တွေမှာ ဖြတ်တောက် မှုတွေ ရှိနေတာ ရှက်စရာ ကောင်းလှကြောင်း တွေကို ပြောသွား ခဲ့ပါတယ်။

တခါ ပေါ်တူဂီ နိုင်ငံက လစ္စဘွန်းမြို့တော် မှာလည်း ပိုမိုကြီးမားတဲ့ ဆန္ဒပြပွဲကြီး ကျင်းပခဲ့ကြပါတယ်။

လစ္စဘွန်းမြို့ထဲမှာ ချီတက်ကြစဉ်မှာ နိုင်ငံတကာ ငွေကြေး ရန်ပုံငွေ အဖွဲ့ပိုင် အဆောက်အအုံ တွေကို ဆန္ဒပြသူ တွေထဲက တချို့က ခရမ်းချဉ်သီး တွေနဲ့ ပစ်ပေါက် ခဲ့ကြပါတယ်။

ပေါ်တူဂီနဲ့ စပိန် အစိုးရတွေကတော့ အမျိုးသား ဘဏ္ဍာရေး အခြေအနေတွေကို တည်ငြိမ်အောင် ထိန်းထား နိုင်ဖို့ အခုလို ခြိုးခြံ ချွေတာရေး အစီအမံတွေ လိုကို လိုအပ်တယ်လို့ ဆိုနေကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။