BBC navigation

အမေရိကန် လုံခြုံရေးတပ်ဖွဲ့ချမယ့် အဆို ဆူဒန်ပယ်ချ

နောက်ဆုံး ရေးသားချိန် 16 စက်တင်ဘာလ 2012 - 01:11 GMT
sudan us embassy

တိုက်ခိုက်ခံနေရတဲ့ ဆူဒန်က အမေရိကန်သံရုံး

ဆူဒန် နိုင်ငံက ခါတွန်း မြို့တော်မှာ ရှိတဲ့ အမေရိကန် သံရုံးကို လုံခြုံရေး တိုးမြှင့် ဖို့အတွက် အမေရိကန် ကမ်းတက် တပ်ဖွဲ့ဝင် တွေချထားဖို့ အမေရိကန်ရဲ့ တောင်းဆို ချက်ကို ဆူဒန်က ငြင်းပယ် လိုက်ပါတယ်။

ဆူဒန် နိုင်ငံခြားရေး ဝန်ကြီးက ဆူဒန်ဟာ နိုင်ငံခြား သံတမန်တွေနဲ့ ပတ်သက်လို့ ကာကွယ် ပေးနိုင်တဲ့ အကြောင်း နိုင်ငံပိုင် သတင်းဌာနကို ပြောကြား ခဲ့ပါတယ်။

ပြီးခဲ့တဲ့ သောကြာ နေ့ကတော့ အမေရိကန်မှာ ရိုက်ကူးခဲ့တဲ့ အစ္စလာမ် ဆန့်ကျင်တဲ့ ရုပ်ရှင်ကို ဆန့်ကျင်တဲ့ လူအုပ်ကြီးက ခါတွန်းမြို့တော်မှာ ရှိတဲ့ ဂျာမနီနဲ့ ဗြိတိန် သံရုံး တွေကို တိုက်ခိုက် ခဲ့ကြပြီး အမေရိကန် သံရုံးဝင်းထဲ အထိ အတင်း ဝင်ရောက် ခဲ့ကြ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။