BBC navigation

အမေရိကန်တွေပြန်လာဖို့ အိမ်ဖြူတော် အမိန့်ထုတ်

နောက်ဆုံး ရေးသားချိန် 16 စက်တင်ဘာလ 2012 - 01:27 GMT
_us_embassy

ဆူဒန်က အမေရိကန် သံရုံးကို တိုက်ခိုက်နေကြစဉ်

အမေရိကန် ပြည်ထောင်စုက တူနီးရှားနဲ့ ဆူဒန် နိုင်ငံတွေ အတွင်းက အမေရိကန် သံရုံးတွေက အရေးမကြီးတဲ့ အမှုထမ်း တွေအပါအဝင် သံရုံး အမှုထမ်းတွေရဲ့ မိသားစုဝင်တွေ အားလုံးကို အမေရိကန်ကို ပြန်လာဖို့ ခေါ်ယူ လိုက်ပါတယ်။

ဒါဟာ အရှေ့အလယ်ပိုင်း ဒေသအတွင်း မတည်ငြိမ်မှုတွေ ကာလတခု အထိ ဆက်ဖြစ်နေနိုင် တဲ့အတွက် အမေရိကန် အိမ်ဖြူတော်က ကြိုတင် ပြင်ဆင် လိုက်တဲ့ လက္ခဏာပဲ ဖြစ်ပါတယ်။

တူးနစ္စမြို့နဲ့ ခါတွန်း မြို့တို့က အမေရိကန် သရုံးတွေကို ပရောဖက် မိုဟာမက်ကို သရော်တဲ့ ဗီဒီယိုကြောင့် မကျေနပ်တဲ့ ဆန္ဒပြ လူအုပ်ကြီး တွေက တိုက်ခိုက် ခဲ့ကြပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဌာနက ပြောခွင့်ရသူကတော့ အမေရိကန် နိုင်ငံသားတွေ အားလုံးကိုလည်း ခရီးသွားလာရေး နဲ့ ဆိုင်တဲ့ သတိပေး ချက်တွေ ထုတ်ထားပေးပြီး ဖြစ်ကြောင်း ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။