BBC navigation

တပတ် ဆန္ဒပြဖို့ ဟစ်ဇဘိုလာ ခေါင်းဆောင် ဆော်သြ

နောက်ဆုံး ရေးသားချိန် 17 စက်တင်ဘာလ 2012 - 01:05 GMT

ဟစ်ဇဘိုလာ ခေါင်းဆောင် Hassan Nasrallah

အမေရိကန် ပြည်ထောင်စုမှာ ရိုက်ကူးခဲ့တဲ့ အစ္စလာမ် ဘာသာကို စော်ကားတယ်လို့ ယူဆနေကြတဲ့ ဗီဒီယိုနဲ့ ပတ်သက်လို့ တပတ်ကြာ ဆန္ဒပြကြဖို့ လက်ဘနွန်က ဟစ်ဇဘိုလာ စစ်သွေးကြွ ခေါင်းဆောင်က ဆော်သြ လိုက်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ သူတို့ ဒေါသထွက်မိတယ် ဆိုတာကို ကမ္ဘာတလွှားက လူတွေကို ပြဖို့ လိုတယ်လို့ Hassan Nasrallah က ဆိုပါတယ်။

မနေ့က အစောပိုင်း တုန်းကလည်း အမ်စတာဒမ်မြို့ နဲ့ ကိုပင်ဟေဂင်မြို့က အမေရိကန် သံရုံး အပြင်ဖက်တွေကို ရာနဲ့ချီတဲ့ မွတ်ဆလင်တွေ ဆန္ဒပြခဲ့ ကြတယ်လို့ သိရပါတယ်။

ပါကစ္စတန် နိုင်ငံ ကရာချိမြို့က အမေရိကန် သံရုံးရှေ့ ဆန္ဒပြမှုမှာတော့ ရဲနဲ့ အဓိကရုဏ်း ဖြစ်ပြီး ဆန္ဒပြသူ တယောက် သေဆုံးသွားတယ်လို့ ဆိုပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။