BBC navigation

တရုတ် ရဲချုပ် တဦးကို စတင်ရုံးထုတ်

နောက်ဆုံး ရေးသားချိန် 17 စက်တင်ဘာလ 2012 - 16:16 GMT

မစ္စတာ ဝမ်ဟာ မတ်လထဲမှာ အာဏာပိုင်တွေထံ အညံ့ခံ လိုက်တာ ဖြစ်ပါတယ်

တရုတ်နိုင်ငံမှာ နှစ်ပေါင်းများစွာ ဖြစ်ပွား နေခဲ့တဲ့ အကြီးမားဆုံး နိုင်ငံရေး အရှုပ်တော်ပုံ ရဲ့ အဓိက ဇာတ်ဆောင် ဖြစ်သူ ပြည်နယ် ရဲချုပ် ဝမ်လီဂျွန် ကို နိုင်ငံအနောက် တောင်ဘက် ချန်ဒူး မြို့မှာ စတင် ရုံးထုတ် နေပြီ ဖြစ်တယ်လို့ သတင်းတွေက ဆိုပါတယ်။

ဟိတ်ဟန် အပြည့်နဲ့ နေထိုင် တတ်သူ အဲဒီ ရဲချုပ်ကို အာဏာ အလွဲသုံးစား လုပ်မှု၊ အဂတိ လိုက်စားမှု၊ အာခံမှု စတာ တွေနဲ့ စွဲချက် တင်ထားတာ ဖြစ်ပြီး အခုတော့ သူ့ကို တရက်တာ တခါးပိတ် ကြားနား နေတာ ဖြစ်ပါတယ်။

အဲဒီ နောက်ပိုင်းမှ သူ့ကို ရုံးထုတ်မှာ ဖြစ်တယ်လို့ သူ့ရှေ့နေက ပြောကြားကြောင်း သိရပါတယ်။

မစ္စတာ ဝမ်ဟာ ချန်ဒူးမြို့ အမေရိကန် ကောင်စစ်ဝန်ရုံးမှာ ခိုလှုံခွင့် တောင်းခံခဲ့တယ်လို့ ယူဆရပြီး၊ အဲဒီ နောက်မှာတော့ မတ်လထဲမှာ အာဏာပိုင်တွေထံ အညံ့ခံ လိုက်တာ ဖြစ်ပါ တယ်။

သူ့ရဲ့ လုပ်ရပ်တွေကြောင့် သူ့ရဲ့ အရာရှိ ဖြစ်သူ နာမည် ကြီးလာနေတဲ့ နိုင်ငံရေး သမား ဘိုရှီလိုင် ကို ရာထူးက ထုတ်ပယ်တဲ့ အထိ ဖြစ်ခဲ့ ပါတယ်။

ဘိုရှီလိုင်ရဲ့ ဇနီးဖြစ်သူ ဂူကိုင်လိုင် ဟာလည်း ဗြိတိသျှ စီးပွားရေး သမား တဦးကို သတ်ဖြတ်မှုနဲ့ မကြာသေးခင်က ဆိုင်းငံ့ သေဒဏ် ကျခံခဲ့ ရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။