BBC navigation

အစ္စလာမ် ဆန့်ကျင်ရေး ဗီဒီယို ဂယက်

နောက်ဆုံး ရေးသားချိန် 18 စက်တင်ဘာလ 2012 - 00:47 GMT

လူတွေရှေ့ ပေါ်ထွက်လာတဲ့ ဟစ်ဇဘိုလာ ခေါင်းဆောင်

လဘနွန်က ရှီးယား မွတ်ဆလင် လှုပ်ရှားမှု ဟစ်ဇဘိုလာ ခေါင်းဆောင် Hassan Nasrallah ဟာ အမေရိကန်မှာ ရိုက်ကူး ထုတ်လုပ်တဲ့ အစ္စလာမ် ဆန့်ကျင်ရေး ဗီဒီယို နဲ့ ပတ်သက်တဲ့ ဆန္ဒပြ လှုပ်ရှားမှုတွေမှာ လူမြင်ကွင်းရှေ့ ထွက်ပေါ်လာပါတယ်။

လူတွေကြား တွေ့ရခဲလေ့ရှိတဲ့ Sheikh Nasrallah က အဲဒီ ဗီဒီယို တကားလုံး ထွက်လာရင် ရင်ဆိုင်ရမယ့် နောက်ဆက်တွဲ အန္တရာယ်တွေကို အမေရိကန် အနေနဲ့ နားလည် ထားသင့်တယ်လို့ ဆိုပါတယ်။

တူနီးရှား မှာတော့ ပြီးခဲ့တဲ့ သီတင်းပတ် တုန်းက ဒီဗီဒီယိုကား အပေါ် ဆန့်ကျင် ဆန္ဒပြမှုတွေ ဖြစ်အောင် လှုံဆောင်ခဲ့တယ်လို့ စွပ်စွဲ ခံနေရတဲ့ ဗလီဆရာ ဟောပြောနေတဲ့ နေရာမှာ လုံခြုံရေး တပ်ဖွဲ့က ဝိုင်းထားတဲ့ ကြားက သူထွက်ပြေး လွတ်မြောက် သွားတယ်လို့ သိရပါတယ်။

တခါ အဲဒီ အမေရိကန် ထုတ် အစ္စလာမ် ဆန့်ကျင်ရေး ဗီဒီယိုကို ဖယ်ရှားပေးဖို့ YouTube က ငြင်းဆန်ခဲ့တာကြောင့် ပါကစ္စတန်မှာ YouTube အင်တာနက် စာမျက်နှာကို ကြည့်ခွင့်မရအောင် အစိုးရက ပိတ်ထား လိုက်ပါတယ်။

YouTube က ငြင်းဆန်မှု အတွက် ပါကစ္စတန် ၀န်ကြီးချုပ် Raja Pervez Ashraf က ပိတ်ခိုင်းလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်လောက် တုန်းကလည်း မွတ်ဆလင် တော်တော်များများက လက်မခံနိုင်လောက်တဲ့ တမန်တော် မိုဟာမက်ကို သရော်ထားတဲ့ ပုံ ဖော်ပြခဲ့တဲ့ အတွက် Facebook နဲ့ YouTube တို့ကို အစိုးရက ပိတ်ထားခဲ့ ဖူးပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။