BBC navigation

မာရီကာနာတွင်း သပိတ်လှန်မယ်

နောက်ဆုံး ရေးသားချိန် 19 စက်တင်ဘာလ 2012 - 02:04 GMT
south africa

အလုပ်ရှင် ကမ်းလှမ်းချက် အလုပ်သမား ချီးကျူး

တောင်အာဖရိက မာရီကာနာ ရွှေဖြူ တွင်း သပိတ်မှောက် လုပ်သား တွေ ကြာသပတေး နေ့မှာ အလုပ်ပြန်ဆင်း တော့မှာ ဖြစ်ပါတယ်။

ရက်သတ္တပတ် ၆ ပတ်ကြာအောင် ဆူပူ အုံကြွ ခဲ့တဲ့ အလုပ်သမား တွေ လုပ်ခကို ၂၂ ရာခိုင်နှုန်း တိုးပေးဖို့ လုံမင်း ကုမ္ပဏီနဲ့ သဘော တူညီမှု ရခဲ့ ပါတယ်။

အလုပ်ရှင် ဘက်က ဒီလို ကမ်းလှမ်း လာတဲ့ အတွက် အလုပ်သမား တွေက ချီးကျူး ထောက်ခံ ခဲ့ကြ ပါတယ်။

ဒိ အရင်က ကမ်းလှမ်း ချက် ကိုတော့ စော်ကား တယ်လို့ ယူဆပြီး ပယ်ချ ခဲ့ပါတယ်။

သြဂုတ် လတုန်းက မိုင်းတွင်း ဆန္ဒပြ လုပ်သား တွေကို ရဲက သေနတ်နဲ့ ပစ်လို့ ၃၄ ယောက် သေဆုံး ခဲ့ရပါတယ်။

ဒီသပိတ်ကြောင့် တောင်အာဖရိက သတ္တုတွင်း ကဏ္ဍ ထုတ်လုပ်မှု ဒေါ်လာ သန်း ငါးရာ ကျော် ဆုံးရှုံးတယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။