BBC navigation

ကလေးစစ်သား အရေး ကုလမဲခွဲ

နောက်ဆုံး ရေးသားချိန် 20 စက်တင်ဘာလ 2012 - 01:48 GMT
child

တပ်က ထွက်ခွင့်ရ မြန်မာ ကလေး စစ်သားများ

ကလေး တွေကို သတ်ဖြတ်၊ ကလေး စစ်သား စုဆောင်းတဲ့ အစိုးရ တွေနဲ့ လက်နက်ကိုင် တွေကို ရှုတ်ချတဲ့ အဆို လုံခြုံရေး ကောင်စီမှာ မဲခွဲ တဲ့ အခါ တရုတ် ရုရှ ပါကစ္စတန် နဲ့ အဇာဘိုင်ဂျန် နိုင်ငံတွေ မဲမပေးဘဲ နေ ခဲ့ကြပါတယ်။

ဒီအရေး အတွက် ကုလ သမဂ္ဂ စုံစမ်း စစ်ဆေးမှု တွေဟာ လုံခြုံရေး ကောင်စီ က ပြဋ္ဌာန်း ဆုံးဖြတ်ချက် ထက် ကျော်လွန် နေပြီလို့ ဒီ လေးနိုင်ငံက ကန့်ကွက် ပါတယ်။

လက်နက်ကိုင် ပဋိပက္ခ တွေ အတွင်း ကလေး သူငယ် တွေကို အသုံးချ တဲ့ ၅၂ နိုင်ငံ နဲ့ လက်နက်ကိုင် တပ် တွေ စာရင်းမှာ ပါကစ္စတန်ကို ထည့်သွင်း ထားတဲ့ ကုလ သမဂ္ဂ နောက်ဆုံး ထုတ် အစီရင် ခံစာကို ပါကစ္စတန်က စိတ်ဆိုး ဒေါသ ထွက်ခဲ့ ပါတယ်။

ကြားနေ မှု တွေ ရှိပေမယ့် ဆက်ပြီး မဲပေး ခဲ့ကြပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။