BBC navigation

အီးယူရဲ့ လက်နက် ပိတ်ပင်မှု ပယ်ဖျက်ဖို့ တရုတ် တောင်းဆို

နောက်ဆုံး ရေးသားချိန် 20 စက်တင်ဘာလ 2012 - 16:09 GMT
Chinese Prime Minister and EU leaders

တရုတ် ဝန်ကြီးချုပ်နဲ့ အီးယူ ခေါင်းဆောင်များ

တရုတ် ဝန်ကြီးချုပ် ၀မ်ကျားဘောင်က ဥရောပ သမဂ္ဂ က တရုတ် နိုင်ငံ အပေါ် လက်နက် တင်ပို့ ရောင်းချမှု ပိတ်ပင် ထားတာကို ပယ်ဖျက် ပေးဖို့ အခု နောက်ဆုံး ကျင်းပတဲ့ ဥရောပ သမဂ္ဂ ထိပ်သီး ဆွေးနွေးပွဲမှာ တောင်းဆိုလိုက် ပါတယ်။

၁၉၈၉ ခုနှစ်က တီယန်နန်မင် ရင်ပြင်မှာ ဒီမို ကရေစီရေး တောင်းဆို ဆန္ဒပြမှု တွေကို တရုတ် အစိုးရက အကြမ်းနည်းနဲ့ နှိမ်နင်းခဲ့ ပြီးတဲ့နောက်မှာ တရုတ် နိုင်ငံကို လက်နက် တင်ပို့မှု မပြုဖို့ အီးယူ ဥရောပ သမဂ္ဂက ပိတ်ပင် ထားခဲ့ တာပါ။

ဒါ့အပြင် မစ္စတာ ဝမ်ကျားဘောင်က တရုတ် ကုန် ပစ္စည်းတွေ အပေါ် ဥရောပ သမဂ္ဂရဲ့ စည်းကြပ်ခွန် တွေကို ဖယ်ရှား ပေးဖို့လည်း မေတ္တာ ရပ်ခံခဲ့ ပါတယ်။

ဥရောပ သမဂ္ဂဟာ တရုတ် နိုင်ငံရဲ့ အကြီးဆုံး ပို့ကုန် စျေးကွက် ဖြစ်ပြီး ဥရောပ သမဂ္ဂကလည်း တရုတ် နိုင်ငံကို ကုန်ပစ္စည်း တင်ပို့မှုမှာ ဒုတိယ အများဆုံး ဖြစ်ပါတယ်။

မစ္စတာ ဝမ်ကျားဘောင် ရာထူးကနေ ဆင်းပေးမယ့် တရုတ် အစိုးရ အပြောင်း အလဲနဲ့ ပတ်သက်လို့ ဥရောပ သမဂ္ဂက စိတ်ဝင် တစား ရှိကြသလို စိုးရိမ်မှု တွေလည်း ရှိနေတယ်လို့ ဥရောပက ဘီဘီစီ သတင်းထောက်က ပြော ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။