BBC navigation

အခွန်လျော့ ပေးခဲ့တယ် ဆိုတဲ့ စွဲချက်တွေကို ရော်မနေ တုန့်ပြန်တဲ့

နောက်ဆုံး ရေးသားချိန် 22 စက်တင်ဘာလ 2012 - 00:59 GMT

ရီပါဘလစ်ကန် သမ္မတလောင်း မစ်ထ် ရော်မနေ

အမေရိကန် ပြည်ထောင်စုမှာ ရီပါဘလစ်ကန် ပါတီဖက်က သမ္မတလောင်း အဖြစ်၀င်ပြိုင်မယ့် လူချမ်းသာ တယောက်ဖြစ်တဲ့ မစ်ထ် ရော်မနေက မနှစ်က သူအခွန်ဆောင်ခဲ့တဲ့ မှတ်တမ်းကို လူသိရှင်ကြား ထုတ်ပြန် ခဲ့ပါတယ်။

သူဟာ ပေးသင့်တာထက် အခွန်လျော့ပေါ့ ပေးဆောင်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေကို တုန့်ပြန်တဲ့ အနေနဲ့ အခုလို ကြေညာခဲ့တာ ဖြစ်ပါတယ်။

သူတို့ ဇနီးမောင်နှံဟာ ဒေါ်လာ ၁၃ သန်းခွဲ သာသာ ၀င်ငွေ ရရှိခဲ့တဲ့ အပေါ် တကယ်တမ်း ပေးဆောင် ရမယ့် အခွန်နုန်း ၁၄.၁ ရာခိုင်နှုန်း ပေးဆောင်ခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ ရင်းနှီးမြုပ်နှံမှုက ရတဲ့ ငွေတွေကို အဓိက အများဆုံး ၀င်ငွေ အဖြစ် သူရတဲ့ လခထက် လျော့နည်းပြီး အခွန်နှုန်း ပေးဆောင်ထားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ခိုးထုတ် ဗီဒီယို တခုမှာတော့ အမေရိကန် တွေရဲ့ တ၀က်လောက်ဟာ ၀င်ငွေခွန် မပေးကြဘူးလို့ မစ္စတာ ရွန်မနေက ပြောထားတာ တွေ့ရပြီး ဒါကြောင့် ဒီဒုက္ခတွေ ခံနေရတာ ဒါကြောင့် အစိုးရက တာ၀န်ယူနေရတာလို့ ဆိုပါတယ်။

တခါ မစ္စတာ ရွန်မနေရဲ့ ဇနီးသည် အန်း လိုက်ပါလာတဲ့ လေယာဉ်ဟာ လေယာဉ်မောင်း သမား အခန်းကနေ မီးခိုးတွေ ထွက်လာတဲ့ အတွက် ဒန်ဗာ လေဆိပ်မှာ အရေးပေါ် ဆင်းသက်ခဲ့ရပါတယ်။

တစုံတရာ ထိခိုက် ဒဏ်ရာ ရမှု မရှိခဲ့ဘဲ မီးကြိုး လျော့ဖြစ်တာလို့ ယူဆရကြောင်း ပြောခွင့်ရ အမျိုးသမီးက ဆိုပါတယ်။

မစ္စက် ရွန်မနေဟာ အမေရိကန် ပြည်ထောင်စု အနောက်ဖက် ကမ်းရိုးတမ်းမှာ ရှိတဲ့ ခင်ပွန်းသည်ရဲ့ မဲဆွယ် စည်းရုံးနေတဲ့ နေရာကို လိုက်သွားရင်း အခုလို ကြုံရတာ ဖြစ်ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။