BBC navigation

ပါကစ္စတန်နဲ့ အခြားအစ္စလာမ် နိုင်ငံတွေမှာ ဆန္ဒပြ

နောက်ဆုံး ရေးသားချိန် 21 စက်တင်ဘာလ 2012 - 17:05 GMT
အစ္စလာမ်ကို သရော်တဲ့ရုပ်ရှင်ကို ပါကစ္စတန်မှာ အကြမ်းဖက်ဆန္ဒပြ

အစ္စလာမ်ကို သရော်တဲ့ရုပ်ရှင်ကို ပါကစ္စတန်မှာ အကြမ်းဖက်ဆန္ဒပြ

ပါကစ္စတန်နိုင်ငံ မြောက်ပိုင်းမြို့တမြို့ဖြစ်တဲ့ ဘာရှားမှာ ရုပ်ရှင်ရုံ ၂ ရုံလောက် မီးရှို့ဖျက်ဆီးခံရပါတယ်။ ရဲကခြောက်လှန့်ပစ်ခတ်တဲ့အတွက် ပါကစ္စတန် ရုပ်မြင်သံကြားက ယာဉ်မောင်း တဦး သေဆုံးခဲ့ပြီး သတင်းထုတ်ပြန်နေတဲ့ အခြား ၇ ယောက် ဒါဏ်ရာ ရသွားပါတယ်။နောက်ပြီး လဟောနဲ့ ကရာချိမှာလည်း ဆန္ဒပြသူတွေနဲ့ ရဲတွေအကြား တိုက်ခိုက်မှုတွေရှိတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ အပတ်ကတည်းက ဒီရုပ်ရှင်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ပါကစ္စတန်မှာ အေးအေးဆေးဆေး လုပ်ဆောင်ခဲ့ပေမယ့် မနေ့က ကြာသပတေးနေ့ကစလို့ အကြမ်းဖက် ဆန္ဒပြပွဲတွေ လုပ်ဆောင်နေခဲ့ကြလို့ အခုဆိုရင် အနည်းဆုံး လူ ၂ ဦး လောက် သေဆုံးခဲ့ပါတယ်။

တမန်တော်မိုဟာမက်အတွက် Special Day of Love အထူးမေတ္တာပြသတဲ့နေ့ အဖြစ် ပါကစ္စတန်အစိုးရက ကြေငြာခဲ့ပါတယ်။ ဒါပေမယ့် လူအတော်များများက ဒါကို လမ်းပေါ်ထွက်ဖို့ တွန်းအားပေးတယ်လို ယူဆကြပုံ ရှိတယ်လို့ ဘီဘီစီသတင်းထောက် Aleem Maqbool က ပြောပါတယ်။ အဲဒါကြောင့် သောကြာနေ့ ဝတ်ပြုဆုတောင်းပွဲ ပြီးတာနဲ့ ဆန္ဒပြနေ့ကြပြီး တချို့နေရာတွေမှာ အတော်ပြင်းထန်နိုင်တယ်လို့ သိရပါတယ်။ ဒါပေမယ့် မြို့တော် Islamabad မှာတော့ အကြမ်းဖက် ဆန္ဒပြမှု မရှိပဲ ငြိမ်သက်နေပါတယ်။

အလားတူ ဆန္ဒပြပွဲတွေ တခြားနိုင်ငံတွေမှာလည်း ဖြစ်ပွားနေပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာဆိုရင် အမေရိကန် သမ္မတ အိုဘားမားရဲ့ အခေါင်းဆိုပြီး ရေးထားတဲ့ အမေရိကန် အလံပတ်ထားတဲ့ အခေါင်းတခုကို မီးရှို့ဖျက်ဆီးပြီး ဆန္ဒပြခဲ့ကြပါတယ်။ ထိုင်းနိုင်ငံ ဘန်ကောက် နဲ့ သီရိလင်္ကာ နိုင်ငံရဲ့ Colombo မြို့မှာလည်း ကြွေးကြော် ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ အလားတူပဲ မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာ ဆန္ဒပြသူ နှစ်ထောင်ကျော်ဟာ အမေရိကန် သံရုံးရှေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။ တချို့ကလည်း ဘာသာရေး စော်ကားတာဟာ လွတ်လပ်စွာပြောဆိုခွင့်မဟုတ်ဘူးဆိုတဲ့ ပိုစတာတွေကို ကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။ အကြမ်းဖက် ဆန္ဒပြမှုတွေကို ကာကွယ်ဖို့ အီဂျစ်နိုင်ငံကိုင်ရိုမြို့က အမေရိကန်သံရုံးရှိတဲ့ လမ်းတွေဖက်ကို အီဂျစ်လုံခြုံရေးတွေ တိုးမြှင့်ချထားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။