BBC navigation

အာဏာသိမ်းဖို့ ကြံရွယ်မှုနဲ့ အရာရှိ တပ် ၃၀၀ ကျော်ကို စီရင်ချက်ချ

နောက်ဆုံး ရေးသားချိန် 21 စက်တင်ဘာလ 2012 - 22:17 GMT

၀န်ကြီးချုပ် Recep Tayyip Erdogan

တူရကီ နိုင်ငံမှာ အစ္စလာမ် ဘာသာကို အလေးထားတဲ့ ၀န်ကြီးချုပ် ရာဂျစ် တေရစ် အယ်ဒို၀မ် ကို ဖြုတ်ချဖို့ ကြံရွယ်မှုနဲ့ စစ်တပ် အရာရှိ သုံးရာကျော်ကို တရားရုံး တခုက ပြစ်ဒဏ် စီရင်ချက် ချခဲ့ပါတယ်။

အဲဒီ အာဏာသိမ်းမှုနဲ့ ပတ်သက်လို့ ကြည်း ၊ ရေ ၊ လေ ဦးစီးချုပ် တွေကိုလည်း ထောင်ဒဏ် နှစ်နှစ်ဆယ်ဆီ ချမှတ်ခဲ့ပြီး ဖြစ်ပါတယ်။

တချို့ အရာရှိတွေ ဆိုရင် ထောင် ၁၈နှစ် ပြစ်ဒဏ် ချခံခဲ့ရပြီး သုံးဆယ် လေးယောက် ကိုတော့ တရားသေနဲ့ ပြန်လွွှတ်ပေးခဲ့ပါတယ်။

အဲဒီ အရာရှိတွေဟာ ဗလီတွေကို ဗုံးခွဲဖို့ ကြံစည်မှုနဲ့ အာဏာသိမ်းပြီး ဂရိနဲ့ ပဋိပက္ခ ဖြစ်အောင် ကြိုးပမ်းခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတာ ဖြစ်ပါတယ်။

တရားခံ ရှေ့နေတွေကတော့ ဒီအရာရှိတွေဟာ စစ်ရေး လေ့ကျင့်မှုမှာသာ ပါ၀င်ခဲ့တာ ဖြစ်ပြီး အာဏာ သိမ်းဖို့ မကြံရွယ်ခဲ့ဘူးလို့ အခိုင်အမာ ပြောကြားခဲ့ပါတယ်။

မစ္စတာ အယ်ဒို၀မ် အစိုးရဟာ တူရကီမှာ ဆယ်စုနှစ်ပေါင်းများစွာ အတွင်း အင်အား ကြီးစွာ ရပ်တည်ခဲ့တဲ့ စစ်တပ်က နိုင်ငံရေးကို လွွှမ်းမိုးမှာကို ကန့်သတ် ထိန်းချုပ်ဖို့ ကြိုးစားနေခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။