BBC navigation

ဘန်ဂါဇီ အခြေစိုက် စစ်သွေးကြွ အဖွဲ့ကို မောင်းထုတ်

နောက်ဆုံး ရေးသားချိန် 22 စက်တင်ဘာလ 2012 - 15:05 GMT

ဆိုးသွမ်းလှတဲ့ စစ်သွေးကြွတွေ ကြောင့် မတည် ငြိမ်မှုတွေ ဖြစ်နေတဲ့ အပေါ် လူထုက မကျေနပ်

လစ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့မှာ အမေရိကန် သံအမတ်ကို သတ်ဖြတ် ခဲ့တဲ့ စစ်သွေးကြွ အဖွဲ့လို့ စွပ်စွဲ ခံထားရတဲ့ ဘန်ဂါဇီ အခြေစိုက် အစ္စလာမ် စစ်သွေးကြွ အဖွဲ့ကို ဘန်ဂါဇီ မြို့ကနေ မောင်းထုတ် လိုက်ကြပြီ ဖြစ်ပါတယ်။

အန်ဆာ အဲလ် ရှာရီယာ လို့ခေါ်တဲ့ ဒီအဖွဲ့ရဲ့ ဌာနချုပ်ကို ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေ ကနေ ဝင်ရောက် စီးနင်း ခဲ့တာ ဖြစ်ပါတယ်။

တရားမဝင် လက်နက်ကိုင် အဖွဲ့တွေရဲ့ အာဏာပြ ဗိုလ်ကျ မှုတွေကို ဆန့်ကျင် ကန့်ကွက်တဲ့ ကြီးမားလှတဲ့ ဆန္ဒပြမှု ဖြစ်ပွားခဲ့ပြီး နောက်မှာ အခုလို ဝင်စီးခဲ့တာ ဖြစ်ပါတယ်။

ဆန္ဒပြ လူအုပ်ကြီးဟာ ဘန်ဂါဇီမြို့ တခြား နေရာက စစ်သွေးကြွ အဖွဲ့တွေရဲ့ လက်နက်ကိုင် သေနတ် သမားတွေနဲ့လည်း ရုန်းရင်း ဆန်ခတ် ဖြစ်ပွားခဲ့ ပါသေးတယ်။

အနည်းဆုံး လူ ၁၀ ဦး သေဆုံး သွားတယ်ဆိုတဲ့ သတင်းတွေလည်း ရရှိပါတယ်။

လစ်ဗျားမှာ ရှိတဲ့ ဘီဘီစီ သတင်းထောက် ပြောတာ ကတော့ ဆိုးသွမ်း လှတဲ့ စစ်သွေးကြွတွေ ကြောင့် မတည်ငြိမ်မှုတွေ ဖြစ်နေတဲ့ အပေါ် လူထုက မကျေမနပ် ဖြစ်နေတာ လနဲ့ချီ ကြာနေပြီလို့ ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။