BBC navigation

ပေါ်တူဂီအစိုးရက အခွန်တိုးမယ့်ကိစ္စ ပြန်သုံးသပ်

နောက်ဆုံး ရေးသားချိန် 23 စက်တင်ဘာလ 2012 - 02:13 GMT
portugal-demo

ဆန္ဒပြနေကြတဲ့ ပေါ်တူဂီ ပြည်သူများ

ပေါ်တူဂီ နိုင်ငံမှာတော့ လူမှုဖူလုံရေး အခွန် တိုးမြှင့်မယ့် အစီအစဉ် အတွက် ဆန့်ကျင် ဆန္ဒပြနေ ကြတဲ့ အတွက် အစိုးရက ပြန်လည် သုံးသပ် နေပါတယ်။

ဒီ ဗဟို လက်ယာယိမ်း အစိုးရက ပေါ်တူဂီ နိုင်ငံ အတွက် နိုင်ငံတကာက ကူညီ ထားတဲ့ အစီအစဉ် တွေအရ ဝန်ထမ်းတွေ ဆီက ပိုပြီး အခွန်တွေ တိုးကောက်ဖို့ စီစဉ် ထားခဲ့တာ ဖြစ်ပါတယ်။

ဒီအတွက် လွန်ခဲ့တဲ့ သတင်း တပတ်လောက်က အခွန် တိုးမြှင့်မယ့် အစီအစဉ် တွေကို ကြေညာခဲ့ချိန် ကစလို့ ထောင်ပေါင်း များစွာသော လူတွေ လစ္စဘွန်းနဲ့ တခြား နေရာတွေမှာ ဆန္ဒ ပြခဲ့ကြတာ ဖြစ်ပါတယ်။

အဲဒါကြောင့် သမ္မတနဲ့ သူ့ရဲ့ အကြံပေးတွေ ၈ နာရီကြာလောက် ဆွေးနွေးခဲ့ကြ အပြီးမှာ အခုလို ပြန်လည် သုံးသတ်ဖို့ ဆုံးဖြတ် ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။