BBC navigation

ဆူဒန် သမ္မတ နှစ်ယောက် တိုက်ရိုက် တွေ့ဆုံ

နောက်ဆုံး ရေးသားချိန် 24 စက်တင်ဘာလ 2012 - 00:37 GMT

တောင်ပိုင်း ဆူဒန်က ဒုက္ခသည်တွေ

ဆူဒန် နှစ်နိုင်ငံကြား အခုနှစ် အစောပိုင်း တုန်းက ပဋိပက္ခ ဖြစ်မှုတွေကို ဖြေရှင်းဖို့ အတွက် ဆူဒန် သမ္မတ နိုင်ငံနဲ့တောင်ပိုင်း ဆူဒန်နိုင်ငံက သမ္မတ နှစ်ယောက် တိုက်ရိုက် တွေ့ဆုံခဲ့ကြပါတယ်။

နယ်စပ် လုံခြုံရေးနဲ့ ရေနံက ရတဲ့ ငွေတွေကို ဘယ်လို ခွဲယူကြမလဲ ဆိုတာတွေ အပါအ၀င် အဓိက ပြသနာတွေကို အီးသီးယို ပီးယားမှာ တွေ့ဆုံပြီး ဆွေးနွေးခဲ့ကြပါတယ်။

ဒီဆွေးနွေးပွဲမှာ တိုးတက်မှုတွေ ရှိခဲ့ပေမယ့် လုံခြုံရေး ကိစ္စတွေကိုတော့ မဖြေရှင်း နိုင်ခဲ့ကြဘူးလို့ ဆူဒန် ပြောခွင့်ရ ပုဂ္ဂိုလ်က ဆိုပါတယ်။

ဆူဒန် နှစ်နိုင်ငံ စလုံးဟာ ပဋိပက္ခကို ဖြေရှင်းပြီး ခိုင်မာ တိကျတဲ့ သဘောတူမှုတွေ မရခဲ့ရင် နှစ်ဖက် စလုံးကို ပိတ်ဆို့ အရေးယူမယ်လို့ ကုလသမဂ္ဂက ခြိမ်းခြောက် ပြောဆိုခဲ့ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။