BBC navigation

ပြည်တွင်း အတိုက်အခံတွေ ညီလာခံ ကျင်းပ

နောက်ဆုံး ရေးသားချိန် 24 စက်တင်ဘာလ 2012 - 00:55 GMT

ဒမားစကပ်စ်မြို့ က ညီလာခံ တက်ရောက်လာတဲ့ ပါတီ ကိုယ်စားလှယ်တွေ

ဆီးရီးယားမှာ ပြည်တွင်းက အတိုက်အခံ ပါတီတွေပြီး ဒမားစကပ်စ်မြို့မှာ အစည်းအေ၀း ကျင်းပကာ သမ္မတ အာဆက်ဒ် ရာထူးက ဆင်းပေးဖို့ ငြိမ်းချမ်းစွာ ဆန္ဒပြ တောင်းဆိုကြဖို့ ပန်ကြားလိုက်ပါတယ်။

National Body for Democratic Change ဆိုတဲ့ အဖွဲ့အောက်မှာ ပါတဲ့ ဒီပါတီတွေဟာ ဆီးရီးယား အရေးမှာ တွေ့ဆုံ ညှိနှိုင်းရေးကို ထောက်ခံတဲ့ အတွက် ပြည်တွင်း ပြည်ပက အတိုက်အခံ အဖွဲ့တွေနဲ့ ကျယ်ကျယ်ပြန့်ပြန့် သဘောထား ကွဲပြားနေတာ ဖြစ်ပါတယ်။

တချိန်ထဲမှာ အစိုးရ တပ်တွေက လက်နက်ကိုင် သူပုန်တွေ ခြေကုပ်ယူ ထားတဲ့ အလက်ပို ၊ ဟော်မ်စ်နဲ့ ဒဲရိုဇို မြို့တွေကို လက်နက်ကြီးတွေသုံးပြီး ဆက်လက် တိုက်ခိုက်နေတယ်လို့ ဆီးရီးယား အရေး တက်ကြွ လှုပ်ရှား သူတွေက ပြောပါတယ်။

အစိုးရ အာဘော် မီဒီယာ တွေမှာလည်း အလက်ပို က အကြမ်းဖက် သမား တော်တော် များများကို အစိုးရတပ်တွေကို သုတ်သင် လိုက်နိုင်တယ်လို့ ဆိုပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။