BBC navigation

လစ်ဗျားက စစ်သွေးကြွ အဖွဲ့တွေကို ဖျက်သိမ်းမယ်

နောက်ဆုံး ရေးသားချိန် 23 စက်တင်ဘာလ 2012 - 15:24 GMT

အစိုးရရဲ့ ခွင့်ပြုချက် မရှိတဲ့ စစ်သွေးကြွ အဖွဲ့ တွေကို တားမြစ် ပိတ်ပင်မှာ ဖြစ်တယ်

လစ်ဗျားနိုင်ငံမှာ ရှိတဲ့ တရားမဝင် စစ်သွေးကြွ အဖွဲ့တွေကို ဖျက်သိမ်းသွားမှာ ဖြစ်တယ်လို့ လစ်ဗျား ထိပ်တန်း အရာရှိတွေက ပြောကြား ပါတယ်။

အခုလထဲမှာ စစ်သွေးကြွ အုပ်စု တခုရဲ့ တိုက်ခိုက်မှုကြောင့် အမေရိကန် သံအမတ် သေဆုံးသွား ခဲ့တဲ့ အကျိုးဆက် အနေနဲ့ စစ်သွေးကြွ အဖွဲ့တွေကို အခုလို ဖျက်သိမ်းပစ်မှာ ဖြစ်ပါတယ်။

အစိုးရရဲ့ ခွင့်ပြုချက် မရှိဘဲ ဖွင့်ထားတဲ့ စစ်သွေးကြွ စခန်းတွေနဲ့ စစ်သွေးကြွ အဖွဲ့ အားလုံးကို တားမြစ် ပိတ်ပင်မှာ ဖြစ်တယ်လို့ ကွန်ဂရက် လွှတ်တော် ဥက္ကဌ မိုဟာမတ် မာဂရိဖ် က ပြောပါတယ်။

နောက်ပြီး လမ်းမတွေ ပေါ်မှာ လက်နက် ကိုင်ဆောင် သွားလာ နေတာတွေနဲ့ အကြမ်းဖက်မှုတွေ ရပ်တန်းက ရပ်ကြဖို့ အားလုံးကို သူက ပန်ကြားသွားပါတယ်။

နိုင်ငံ အရှေ့ပိုင်းက သြဇာ အရှိန်အဝါ ရှိတဲ့ စစ်သွေးကြွ အဖွဲ့တခု ကတော့ သူတို့ ရဲ့ လုပ်ငန်းတွေကို အဆုံးသတ်တော့မှာ ဖြစ်တယ်လို့ စနေနေ့က ပြောပါတယ်။

လစ်ဗျားမှာ ပြီးခဲ့တဲ့ နှစ်တုန်းက ဗိုလ်မှူးကြီး ကဒါဖီကို ဖြုတ်ချ ခဲ့တဲ့ တော်လှန်ရေး အတွင်း ပေါ်ပေါက်လာတဲ့ စစ်သွေးကြွ အဖွဲ့ အများအပြားဟာ သြဇာ အာဏာ ဆက်လက် ကြီးထွား လာနေတဲ့ အပေါ် ပြည်တွင်း ပြည်ပမှာ စိုးရိမ်မှုတွေ တိုးပွားလာ နေပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။