BBC navigation

စစ်သွေးကြွခေါင်းဆောင် နှစ်ယောက်ကိုဖယ်ရှား

နောက်ဆုံး ရေးသားချိန် 25 စက်တင်ဘာလ 2012 - 01:24 GMT

ဘန်ဂါဇီမြို့က စစ်သွေးကြွ လက်နက်ကိုင် အဖွဲ့တွေ

လစ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့က အင်အား အကြီးမားဆုံး စစ်သွေးကြွ အဖွဲ့က ခေါင်းဆောင် နှစ်ယောက် ကို စစ်တပ်က ဖယ်ရှားလိုက်ပါပြီ။

ဒါဟာ လက်နက်ကိုင် အဖွဲ့တွေကို ထိန်းချုပ် ကာကွယ်ဖို့ ဒါမှမဟုတ် ဖျက်သိမ်း ပစ်ဖို့ ကြိုးပမ်း ဆောင်ရွက်တာ ဖြစ်ပါတယ်။

အဲဒီ စစ်သွေးကြွ ခေါင်းဆောင် နှစ်ယောက်ရဲ့ နေရာမှာ စစ်တပ်က ဗိုလ်မှူးကြီး နှစ်ယောက်ကို အစားထိုး ခန့်ထားခဲ့ပါတယ်။

တနေ့တုန်းကတော့ လက်နက်ကိုင် အဖွဲ့တွေ စစ်သွေးကြွတွေ အနေနဲ့ နိုင်ငံပိုင် အဆောက်အဦ တွေကနေ လေးဆယ့် ရှစ်နာရီ အတွင်း ဖယ်ပေးဖို့ စစ်တပ်က ရာဇသံ ထုတ်ခဲ့တာ ဖြစ်ပါတယ်။

အခုလ အစောပိုင်းတုန်းက အမေရိကန် သံအမတ် အသတ်ခံရပြီးတဲ့နောက် ဘန်ဂါဇီမြို့မှာ လက်နက်ကိုင် စစ်သွေးကြွ ဆန့်ကျင်ရေး ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် ဒီအရေးယူ ဆောင်ရွက်ချက်တွေ ပေါ်ပေါက် လာတာ ဖြစ်ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။