BBC navigation

ဆီးရီးယား သူပုန်နယ်မြေ ကုလ စောင့်ကြပ်ရေး

နောက်ဆုံး ရေးသားချိန် 26 စက်တင်ဘာလ 2012 - 02:12 GMT
hollande

အတိုက်အခံ အစိုးရ ဖွဲ့ရင် ပြင်သစ် ထောက်ခံမယ်

အတိုက်အခံ သိမ်းထားတဲ့ ဆီးရီးယား ဒေသ တွေကို ကုလ သမဂ္ဂ အမြန် ဝင်စောင့်ရှောက် ဖို့ ပြင်သစ် သမ္မတ ဖရန်ဆွာ အော်လန်းက အထွေထွေ ညီလာခံမှာ ပြောကြား ခဲ့ပါတယ်။

ကုလသမဂ္ဂက ဆီးရီးယား ပြည်သူတွေ တောင်းခံတဲ့ အကူအညီ အထောက်အပံ့တွေ ပေးရမယ်လို့ အထွေထွေ ညီလာခံ မှာ မစ္စတာ အော်လန်း ပြောကြား ခဲ့တာပါ။

ဘရှား အာဆတ် အစိုးရ အတွက် နိုင်ငံတကာ စင်မြင့်မှာ အလားအလာ မရှိတော့လို့ အတိုက်အခံ အစိုးရ ဖွဲ့ပြီးပြီးချင်း ပြင်သစ်က အသိအမှတ် ပြုမှာ လို့ လဲ မစ္စတာ အော်လန်း က ပြော ပါတယ်။

ပြည်သူကို သတ်တဲ့ အာဏာရှင် က တိုင်းပြည် အနာဂတ်ကို မချယ်လှယ်ရ လို့လဲ အထွေထွေ ညီလာခံမှာ အမေရိကန် သမ္မတ အိုဘားမားက ဆော်သြ ခဲ့ပါတယ်။

ကိုယ့် အခွင့်အရေး ကိုယ် တောင်းဆို နေကြတဲ့ ပြည်သူ တွေကြား အုပ်စု ပဋိပက္ခ အသွင် ပြောင်း မသွားရအောင် ဆက်ပြီး ထိန်းသိမ်း ကြိုးပမ်း ပေးကြဖို့ မစ္စတာ အိုဘားမားက ပြောကြား ခဲ့ပါတယ်။

ဆီးရီးယား အစိုးရ က ဖမ်းမိတဲ့ သူပုန် အကျဉ်းသား တွေအပေါ် နှိမ့်ချ အရှက်ရ စေဖို့ မတော် မတရား ပြုကျင့် နေတယ် လို့လဲ ထိပ်တန်း လူ့အခွင့်အရေး အဖွဲ့ တဖွဲ့က ဆိုပါတယ်။

ဆီးရီးယား အစိုးရ လက် ကျသွားတဲ့ အမျိုးသား အမျိုးသမီး နိုင်ငံရေး လှုပ်ရှားသူ တွေ ကို ညှဉ်းပန်း အဓမ္မ ပြုပုံ အသေးစိတ်ကို အဖမ်းခံခဲ့ရသူ တွေက ဘီဘီစီကို ဖွင့်ချ ခဲ့ပါတယ်။

ကုလ သမဂ္ဂ စုံစမ်း စစ်ဆေးသူတွေ နိုင်ငံထဲ ဝင်ခွင့် ပိတ်ထားတာမို့ ပြောဆိုချက် တွေ မှန်သလား လွတ်လပ်တဲ့ အတည်ပြုချက် ယူဖို့ မဖြစ်နိုင်ဘူး လူ့အခွင့်အရေး စောင့်ကြည့် အဖွဲ့က ဆိုပါတယ်။

ဒီစွပ်စွဲ ချက်တွေကို ဆီးရီးယား အစိုးရက ပယ်ချ ခဲ့ပါတယ်။

သူပုန် ဘက်ကို ဒီလို ကိစ္စ စွပ်စွဲ တာ မျိုးတော့ မရှိပါဘူး။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။