BBC navigation

ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဖွင့်ပွဲ စ

နောက်ဆုံး ရေးသားချိန် 25 စက်တင်ဘာလ 2012 - 16:06 GMT

အစွန်းရောက်သမားတွေကို ဆန့်ကျင်ဖို့ သမ္မတ အိုဘားမား ပြောသွား

ကုလသမဂ္ဂ အထွေထွေညီလာခံ နှစ်ပတ်လည် အစည်းအဝေး ဖွင့်ပွဲ ကို နယူးယောက်မြို့မှာ ကျင်းပနေပါတယ်။

မိန့်ခွန်းပြောသူတွေထဲက တဦးဖြစ်တဲ့ အမေရိကန် သမ္မတ အိုဘားမားက တမန်တော် မိုဟာမက် ကို လှောင်ပြောင်သရော်ထားတဲ့ အင်တာနက် ရုပ်ရှင်ကား ထွက်လာအပြီး ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် မှုတွေကို ရှုတ်ချကြောင်း သူ့မိန့်ခွန်းထဲမှာ ပြောဆို သွားပါတယ်။

ဒီရုပ်ရှင်ကားဟာ မွတ်ဆလင်တွေကိုသာ မဟုတ်ပဲ အမေရိကန်တွေကိုလည်း စော်ကားတဲ့ ရုပ်ရှင်ကား ဖြစ်တယ်လို့ ဆိုပါတယ်။

လစ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့မှာ အမေရိကန် သံရုံး တိုက်ခိုက်ခံခဲ့ရတာဟာ ကျိုးကြောင်း ဆီလျော်မှု မရှိကြောင်းနဲ့ လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးကို သတ်ဖြတ်ခဲ့သူတွေကို ခြေရာခံ ဖမ်းဆီး အရေးယူသွားမှာ ဖြစ်ကြောင်း သမ္မတ အိုဘားမားက ပြောသွားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း အခုချိန်ဟာ အသွင် ကူးပြောင်းတဲ့ ဗရုတ်သုတ်ခ အချိန်ကာလမျိုး ဖြစ်တယ်လို့ သူ့ရဲ့ အဖွင့် မိန့်ခွန်းထဲမှာ ပြောသွားပါတယ်။

ဒီ အစည်းအဝေးကိုတက်ရောက်ဖို့ မြန်မာ သမ္မတ ဦးသိန်းစိန်ဟာလည်း အမေရိကန် နိုင်ငံ ကို အင်္ဂါနေ့မှာ ရောက်ရှိလာမှာပါ။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။