BBC navigation

ရှင်ဇိုအာဘေး ဂျပန် အတိုက်အခံ ပါတီ ခေါင်းဆောင် ဖြစ်လာ

နောက်ဆုံး ရေးသားချိန် 26 စက်တင်ဘာလ 2012 - 18:44 GMT

မစ္စတာ အာဘေးက သူ့ကိုထောက်ခံ သူတွေကို မိန့်ခွန်း ပြောခဲ့စဉ်

ဂျပန်နိုင်ငံမှာ မကြာခင် ရွေးကောက်ပွဲတွေ ကျင်းပဖို့ ရှိနေချိန်မှာပဲ အတိုက်အခံ လစ်ဘရယ်လ် ဒီမိုကရက်တစ် ပါတီ က တရုတ်နိုင်ငံအပေါ် တင်းမာတဲ့ သဘောထား ရှိသူလို့ လူသိများတဲ့ ဝန်ကြီးချုပ်ဟောင်း ရှင်ဇို အာဘေး ကို ပါတီ ခေါင်းဆောင်သစ်အဖြစ် ရွေးချယ်လိုက်ပါတယ်။

သူဟာ ဂျပန် အမျိုးသားရေးနဲ့ ဂျပန်နိုင်ငံရဲ့ အခန်းကဏ္ဍကို ပိုမိုကြီးမားအောင်လုပ်ဆောင်ဖို့ကို ဆော်သြခဲ့သူလည်း ဖြစ်ပါတယ်။

၂၀၀၆ ခုနှစ် စက်တင်ဘာလတုန်းက ဂျူနီချီရို ကိုအိဇုမိ ကို အနိုင်ရပြီး ဝန်ကြီးချုပ်ဖြစ်လာခဲ့တဲ့နောက် ၁ နှစ်အကြာမှာပဲ ကျန်းမာရေး အခြေအနေ မကောင်း တာရယ် နောက်ပြီး ဂျပန် အထက်လွှတ်တော်မှာ အရှုံးကြီး ရှုံးခဲ့တာ တွေကြောင့် ရာထူး ကနေ နုတ်ထွက် ခဲ့သူလည်း ဖြစ်ပါတယ်။

သူစတက်တဲ့ အချိန်တုန်းက လူထုထောက်ခံမှုတွေရခဲ့ပေမယ့် ပါတီအတွင်း မငြိမ်မသက်ဖြစ်မှုတွေနဲ့ အရှုပ်တော်ပုံတွေကြောင့် လူထုထောက်ခံမှုတွေ ထိခိုက်ခဲ့ရပါတယ်။

ဂျပန် ပင်လယ်ပြင် နဲ့ ပိုင်နက် နယ်မြေ တွေဟာ စိုးရိမ်စရာ အခြေအနေ ရှိနေကြောင်းနဲ့ ဒီနယ်မြေကို ကာကွယ် စောင့်ရှောက်ဖို့ သူ့အနေနဲ့ အစွမ်းကုန် လုပ်သွားမယ်လို့ ရှင်ဇို အာဘေးက မဲဆွယ် စည်းရုံး ပွဲတွေမှာ ပြောသွား ပါတယ်။

အရှေ့တရုတ် ပင်လယ်မှာ ရှိတဲ့ ကျွန်းစုတွေနဲ့ ပတ်သက်လို့ တရုတ် နိုင်ငံနဲ့ အကြီးအကျယ် အငြင်းပွား နေမှုမှာ နောက်ဆုတ် ပေးဖို့ တရုတ် အစိုးရက ငြင်းဆန် နေတာပါ။

လာမယ့် ရွေးကောက်ပွဲမှာ သူသာ အနိုင်ရ ခဲ့မယ် ဆိုရင် Liberal Democratic Party ကို အင်အားကြီး သြဇာရှိတဲ့ ပါတီ အဖြစ် ပြန်လည် လုပ်ဆောင် သွားမယ်လို့ ပြောနေ ပါတယ်။

လစ်ဘရယ် ဒီမိုကရက်တစ် ပါတီဟာ ဂျပန်နိုင်ငံကို ၂၀၀၉ ခုနှစ်အထိ နှစ်ပေါင်း ၅၀ကျော် အုပ်ချုပ်ခဲ့တာ ဖြစ်ပြီး လာမယ့် သီတင်းပတ်တွေ အတွင်း ရွေးကောက်ပွဲ ကျင်းပဖို့ ရှိရာမှာ စစ်တမ်းတွေ အရ ထိပ်က ပြေးနေ ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။