BBC navigation

အစ္စလာမ် မုန်းတီးမှု မော်စီ ဝေဖန်

နောက်ဆုံး ရေးသားချိန် 27 စက်တင်ဘာလ 2012 - 01:53 GMT
egypt

ဘာသာရေး အမုန်းပွားစေမယ့် ကိစ္စ မျိုး လက်မခံ

မွတ်ဆလင် တွေကို ကြောက်စရာ ရွံ့စရာလို သဘောထား ထင်မြင်ချက်တွေ ကမ္ဘာ တဝှမ်း ကူးစက် ပျံ့နှံ့ နေတာကို လက်မခံနိုင်ဘူး လို့ အီဂျစ် သမ္မတသစ် မိုဟာမက် မော်စီက ပြောကြား လိုက်ပါတယ်။

ကုလ သမဂ္ဂ အထွေထွေ ညီလာခံမှာ အီဂျစ်ပြည်ရဲ့ ပထမဆုံး ဒီမိုကရေစီ နည်းကျ ရွေးကောက်ခံ ရတဲ့ သမ္မတ အဖြစ် ပွဲဦးထွက် မိန့်ခွန်း ပေးရာမှာ မစ္စတာ မော်စီက စံချိန် ၂ မျိုးနဲ့ ဆက်ဆံတာတွေ အဆုံးသတ်ဖို့ တိုက်တွန်း ခဲ့ပါတယ်။

ဘာသာတိုင်း ယဉ်ကျေးမှု တိုင်းကို လေးစားရမယ်လို့လဲ သူက ဆိုပါတယ်။

သမ္မတ မော်စီက အီဂျစ်နိုင်ငံက လွတ်လပ်စွာ ပြောဆိုခွင့်ကို ထောက်ခံ ပေမယ့် ဘာသာရေး အမုန်းပွားစေမယ့် ကိစ္စ မျိုးကိုတော့ လက်မခံ ကြောင်း၊ အစွန်းရောက် ဝါဒနဲ့ ဆူပူမှု တွေကို ကိုင်တွယ် ဖြေရှင်းနိုင်တဲ့ လွတ်လပ်စွာ ပြောဆိုခွင့် သာ ဖြစ်သင့်ပြီး မသိ နားမလည်မှု၊ သူတပါးကို မလေးမစား လုပ်တာတွေ အားပေးတဲ့ ပြောဆိုခွင့်မျိုး မဟုတ်သင့် ကြောင်း၊ ဒီလို စော်ကား ပုတ်ခတ် တာတွေကို ဆူပူ မှုနဲ့ ဖြေရှင်း တာကိုတော့ ပြင်းထန်စွာ ဆန့်ကျင်ကြောင်း မွတ်ဆလင် တွေကို ဒေါသ ထွက်စေတဲ့ အစ္စလာမ် ဆန့်ကျင်ရေး ဗီဒီယို ကို ရည်ညွှန်း ပြောကြား ခဲ့ပါတယ်။

အစ္စလာမ် ဘာသာ ကြောက်ရွံ့ မုန်းတီးမှုတွေကို ကုလ သမဂ္ဂ က ထုတ်ပြောရမယ် လို့ သူက ဆိုပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။