BBC navigation

ဘာသာရေး အငြင်းပွား ရုပ်ရှင် လက်သည်ဖမ်းမိ

နောက်ဆုံး ရေးသားချိန် 28 စက်တင်ဘာလ 2012 - 02:35 GMT
egypt film

အစ္စလာမ် ဆန့်ကျင်ရေး ရုပ်ရှင် ကြောင့် အာရပ် တွေ ဆန္ဒပြခဲ့

အာရပ် နိုင်ငံ တွေမှာ ဆန္ဒပြပွဲကြီး တွေ ဖြစ်ပေါ်စေခဲ့တဲ့ အစ္စလာမ် ဆန့်ကျင်ရေး ရုပ်ရှင် ရဲ့ လက်သည် အဖြစ် စွပ်စွဲ ခံရသူ ကို လော့ဆန်းဂျလိစ် မြို့မှာ ဖမ်းမိ သွားပြီ ဖြစ်ပါတယ်။

အသက် ၅၅ နှစ် အရွယ် အီဂျစ်လူမျိုး Nakoula Besseley Nakoula ကို ၂ဝ၁ဝ ပြည့်နှစ်က လိမ်လည်မှု အတွက် စောင့်ကြည့် နေတုန်း ထပ်ချိုးဖောက် တယ် ဆိုပြီး စွဲဆို ထားပါတယ်။

မွတ်ဆလင် တွေရဲ့ ပြစ်မျိုး ကင်းစင်မှု ဆိုတဲ့ ၁၃ မိနစ် စာ ရုပ်ရှင် ကားညွှန်း ကို ယူကျု ဝက်ဆိုက်မှာ တင်ခဲ့တာ ဖြစ်ပါတယ်။

ဒီအတွင်း လစ်ဗျား နိုင်ငံ ထရစ်ပိုလီ မြို့တော်က အမေရိကန် သံရုံး ဝန်ထမ်းတွေကို ပြန်ခေါ် ထုတ်နေတယ် လို့လဲ အမေရိကန် ဘက်က ဆိုပါတယ်။

လုံခြုံရေး အကြောင်း ရှိလို့ ဒီလို ပြန်ခေါ်ဖို့ ဆုံးဖြတ် ခဲ့ရပြီး နောက်တပတ် ဆန်းပိုင်းမှာ ပြန်စဉ်းစားမယ် လို့ နိုင်ငံခြားရေး ဌာန အရာရှိ တဦးက ပြောကြား ခဲ့ပါတယ်။

လစ်ဗျား နိုင်ငံက ဒုတိယ အကြီး ဆုံးမြို့ ဘန်ဂါဇီက အမေရိကန် ကောင်စစ်ဝန်ရုံးကို စက်တင်ဘာ ၁၁ ရက် နေ့က တိုက်ခိုက် ခံရပြီးနောက် အမေရိကန် သံရုံး အမှုထမ်း အများစုကို ပြန်ခေါ် သွားပြီ ဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှု ကြောင့် လစ်ဗျားက အမေရိကန် သံအမတ် ခရစ် စတီဗန်းစ် နဲ့ အမေရိကန် နိုင်ငံသား သုံးယောက် သေဆုံး ခဲ့ရပါတယ်။

သောကြာနေ့ ထရစ်ပိုလီနဲ့ ဘန်ဂါဇီမှာဆန္ဒပြပွဲ တွေ ဖြစ်လာနိုင်တယ်လို့ ထရစ်ပိုလီ မြို့ အမေရိကန် သံရုံး ဝက်ဆိုက် ထုတ်ပြန်ချက်မှာ သတိပေး ထားတာကို တွေ့ရပါတယ်။

အမေရိကန် ဆန့်ကျင်ရေး ဆူပူ ဆန္ဒပြ မှုတွေကြောင့် အများအပြား အသက် ဆုံးရှုံးခဲ့ရသလို အမေရိကန် သံရုံး တွေ ကျောင်းတွေနဲ့ စီးပွားရေး ဌာန တွေလဲ မီးရှို့ ဖျက်ဆီး ခံခဲ့ရပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။