BBC navigation

စပိန်နိုင်ငံရဲ့ ခြိုးခြံ ချွေတာရေး အစီအစဉ်သစ်

နောက်ဆုံး ရေးသားချိန် 27 စက်တင်ဘာလ 2012 - 14:57 GMT

အများပြည်သူ ကတော့ ချွေတာရေး အစီအစဉ် သစ်ကို ကန့်ကွက် ဆန္ဒပြနေကြပါတယ်

စီးပွားရေး ဆုတ်ယုတ်မှုထဲ ရောက်နေပြီး အလုပ်လက်မဲ့ ပြဿနာကို ဆိုးဆိုးဝါးဝါး ရင်ဆိုင် နေရတဲ့ စပိန် နိုင်ငံဟာ ဘတ်ဂျက် ခြိုးခြံ ချွေတာ ရေး အစီအစဉ်သစ် တခု ချမှတ်ဖို့ အစိုးရ အဖွဲ့အတွင်း အကြိတ်အနယ် ဆွေးနွေးနေကြပါတယ်။

နောက်ထပ် အသုံးစရိတ် ဖြတ်တောက် တာတွေ၊ အခွန်နှုန်း တိုးကောက် တာတွေနဲ့ ပြုပြင် ပြောင်းလဲမှု အစီအစဉ်တွေကို အစိုးရက ဒီကနေ့ စက်တင်ဘာ ၂၇ ရက် ကြာသပတေးနေ့မှာ ထုတ်ပြန် တော့မှာ ဖြစ်ပါ တယ်။

ဒါဟာ နိုင်ငံမှာ ရင်ဆိုင် နေရတဲ့ ကြီးမားလှတဲ့ ကြွေးမြီ ပြဿနာတွေကို ထိန်းချုပ် နိုင်ဖို့ နောက်ဆုံး ကြိုးပမ်းချက် ဖြစ်ပြီး၊ နိုင်ငံ အတွက် နောက်ထပ် ဒေါ်လာ ၅၀ ဘီလျံ သက်သာ စေဖို့ အခုလို ထပ်မံ လုပ်ဆောင်တာ ဖြစ်ပါတယ်။

စပိန် ဝန်ကြီးချုပ် မိုရီရာနို ရတ်ဂျွိုင်း က လူမှုရေး ဆိုင်ရာ ကဏ္ဍ အားလုံး ကနေ အခုလို အသုံးစရိတ် ဖြတ်တောက်မှု အတွက် အနစ်နာ ခံကြရမှာ ဖြစ်တယ်လို့ ပြောကြား လိုက်ပါ တယ်။

အတိုက်အခံ ဆိုရှယ်လစ် ပါတီ ကတော့ ခြိုးခြံ ချွေတာရေး လုပ်တဲ့ နေရာမှာ ချမ်းသာတဲ့ လူတွေစီ ကနေ အခွန် တိုးကောက်တာ၊ စီးပွားရေး လုပ်ငန်းတွေစီ ကနေ အခွန်ကောက် တာ စတဲ့ နည်းလမ်းနဲ့ နိုင်ငံ့ ဘဏ္ဍာငွေ တိုးလာအောင် လုပ်နိုင်မယ်လို့ ထင်မြင်ကြောင်း ပြောကြားပြီး၊ အစိုးရရဲ့ လုပ်ရပ်တွေ အပေါ် ဝေဖန် လိုက်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။