BBC navigation

တိဘက်အပေါ် တရုတ် သဘောထား ပြောင်းလာနိုင်

နောက်ဆုံး ရေးသားချိန် 27 စက်တင်ဘာလ 2012 - 17:21 GMT
_tibet_

တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား

တိဘက် ဘာသာရေး ခေါင်းဆောင် ဒလိုင်းလားမားက လာမယ့် လမှာ ဖြစ်နိုင်ဖွယ် ရှိတဲ့ တရုတ် ခေါင်းဆောင် ပိုင်း အပြောင်း အလဲက နေ တိဘက် အရေး လှုပ်ရှားမှုအပေါ် သဘောထား ပြောင်းသွား နိုင်တယ်လို့ မျှော်လင့် ကြောင်း ပြောပါတယ်။

တိဘက် လူမျိုးတွေ ကိုယ့်ကိုကိုယ် အဆုံး စီရင် သွားကြတဲ့ ဖြစ်ရပ် တွေဟာ တရုတ် အစိုးရ အနေနဲ့ တိဘက် ဒေသ အတွင်းမှာ အင်အားသုံး ဖိနှိပ်မှုနဲ့ ပိတ်ပင် ကန့်သတ်မှုတွေ ဘယ်လောက် ဆိုးတယ်ဆိုတာကို ဖော်ပြနေတာ ဖြစ်တယ်လို့ ဒလိုင်း လားမားက ပြောပါတယ်။ ဒါကြောင့် လာမယ့် ခေါင်းဆောင်သစ်တွေ အနေနဲ့ ပြောင်းလဲဖို့ လိုပြီ ဆိုတာ လက်ခံဖို့ ဒလိုင်း လားမားက တောင်းဆိုလိုက်ပါတယ်။

လာမယ့် ခေါင်းဆောင်သစ်တွေက ပင်ကိုယ် အသိဉာဏ်ကို သုံးပြီး အခြေ အနေ အားလုံးကို ခြုံငုံ သုံးသပ် နိုင်တဲ့ အမြင်မျိုး ရှိရင်တော့ အပြောင်း အလဲ ဖြစ်လာ နိုင်တယ်လို့ ဆိုပါတယ်။

ဒလိုင်းလားမားက မူဝါဒ အသစ်ကြောင့် အခု လက်တွေ့မှာ ဆင်းရဲ ချမ်းသာ ကွာဟချက် သိပ် ကိုကြီးမား နေပါပြီ၊ ဒီတော့ နှစ်ဘက် ပိုမို သဟဇာတ ဖြစ်လာအောင် အထူး ကြိုးပမ်း အားထုတ်မှု တွေ လုပ်ဖို့ လိုနေပြီလို့ သမ္မတ ဟူဂျင်တောင်းက ပြောပါတယ်။

ဒီတော့ ဒါဟာ ကွန်မြူနစ် ပါတီ အနေနဲ့ အနာဂတ် အတွက် သင့်လျော်သလို ကိုင်တွယ် ဆောင်ရွက်နိုင်စွမ်း ရှိတယ် ဆိုတာ ပြသနေတာ ဖြစ်တယ်လို့ တိဘက် ဘာသာရေး ခေါင်းဆောင် ဒလိုင်း လားမားက ပြောသွားတာပါ။

တိဘက် လူမျိုးတွေရဲ့ အခွင့် အရေး အတွက် ကိုယ့်ကိုကိုယ် မီးရှို့ အဆုံး စီရင်ခဲ့တဲ့ ဖြစ်ရပ်တွေ အတော်များများ ရှိခဲ့တဲ့ အတွက် စိုးရိမ်ပူပန်မှုတွေလည်း တိုးပွား လာနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ် နောက်ပိုင်းမှာ တိဘက် လူမျိုး ၅၁ ယောက်ထက် မနည်း သူတို့ကိုသူတို့ မီးရှို့ အဆုံး စီရင်ခဲ့တယ်လို့ လူ့အခွင့် အရေး လှုပ်ရှားသူတွေက ပြောကြပါတယ်။

ဒီတော့ တိဘက် ဘာသာရေး ခေါင်းဆောင် ဒလိုင်း လားမား အပေါ် ဖိအားတွေကလည်း တိုးပွားလာနေပါပြီ။ ဒီဖိအားတွေက တရုတ် အစိုးရဆီကတော့ မဟုတ်ပါဘူး၊ တရုတ် အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ တိဘက် အရေး လှုပ်ရှားမှုကို ဘယ်လို ပုံစံနဲ့ ဆက်သွားကြ မလဲ ဆိုတာ အပေါ် သဘောထားတွေ အမျိုးမျိုး ဖြစ်နေတဲ့ သူ့ကို ထောက်ခံကြသူတွေ ဆီက ဖိအားတွေပါ။

တချို့က ဒီတပတ် အတွင်း ဒါရမ် ဆာလာ မှာ ဆုံကြသူ တချို့ ကတော့ ကိုယ့်ကိုကိုယ် မီးရှို့ အဆုံး စီရင်မှု ကို ပွင့်ပွင့် လင်းလင်း အားပေးမှု အပါအဝင် တိဘက် လူမျိုးတွေ အပေါ် ပိုမို ထောက်ခံတဲ့ ခိုင်မာတဲ့ မူဝါဒ တစ်ရပ် ရှိစေချင်ကြပါတယ်။

တချို့ကတော့ ကိုယ့် ကိုကိုယ် မီးရှို့ သတ်သေတဲ့ လုပ်ရပ်ဟာ ဗုဒ္ဓရဲ့ အဆို အမိန့်တွေနဲ့ ဆန့်ကျင်တဲ့ အတွက် တခြား နည်းလမ်း သုံးဖို့ လိုလားကြတယ်လို့ ဒေလီက ဘီဘီစီ သတင်းထောက် Andrew North က သုံးသပ်ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။