BBC navigation

ဘိုရှီလိုင် တရုတ်ကွန်မြူနစ်ပါတီက ဖယ်ရှားခံရ

နောက်ဆုံး ရေးသားချိန် 28 စက်တင်ဘာလ 2012 - 17:26 GMT
Baoxilai အားရုံးထုတ်နေစဉ်

Baoxilai အားရုံးထုတ်နေစဉ်

ဘိုရှီလိုင် တရုတ် ကွန်မြူနစ်ပါတီက ဖယ်ရှား ခံပြီး အဂတိ လိုက်စား မှုတွေနဲ့ ဆက်ပြီး စစ်ဆေး တော့မယ့် အကြောင်း တရုတ် အစိုးရ ပိုင် ရှင်ဟွာ သတင်း ဌာနက သတင်း ထုတ်ပြန် လိုက်တဲ့အတွက် တချိန်က တရုတ် ကွန်မြူနစ် ပါတီကို ဦးဆောင် လာနိုင်တယ်ဆိုပြီး ထင်ကြေးပေး ခံထားရတဲ့ ထိပ်တန်း တရုတ် နိုင်ငံသမား ဘိုရှီလိုင်နဲ့ ရှေးရေးနဲ့ ပတ်သက်ပြီး ခန့်မှန်း ပြောဆိုမှုတွေ အဆုံးသတ်သွားပါပြီ။

ဇာတ်လမ်းကတော့ ဗြိတိသျှလူမျိုး စီးပွားရေးသမား Neil Heywood အသတ်ခံရတဲ့ ကိစ္စ ကနေ စတင်တာပါ။

ဘိုရှီလိုင်လက်အောက်မှာ တာဝန်ထမ်းဆောင်တဲ့ ရဲအကြီးအကဲ ဝမ်လီဂျန်က ဖေဖော်ဝါရီလတုန်းက အမေရိကန် ကောင်စစ်ဝန်ရုံးကို ပြေးပြီး ဘိုရှီလိုင်ရဲ့ ဇနီးသည်ဟာ လူသတ်မှုမှာ ပါဝင်ပတ်သက်တယ်ဆိုပြီး ဖွင့်ချလိုက်ပါတယ်။ အဲဒီသတင်းတွေထွက်လာတော့ ကွန်မြူနစ်ပါတီကနေ ဘိုရှီလိုင်ကို ပြီးခဲ့တဲ့ ဧပြီလတုန်းကရာထူးကနေ ခဏအနားပေးထားခဲ့တာပါ။

အဲဒီအမှုကို စစ်တော့ ဘိုရှီလိုင်ရဲ့ ဇနီး ဂူကိုင်လိုင်က လည်း ဗြိတိသျှလူမျိုး စီးပွားရေးသမား Neil Heywood ကို သတ်ဖြစ်မှုမှာ အပြစ်ရှိကြောင်း ဝန်ခံလိုက်ပါတယ်။ အဲဒီအတွက် သူမကို ဆိုင်းငံ သေဒဏ် သြဂုတ်လလည်တုန်းက ချမှတ်ခဲ့ပါတယ်။

အလားတူပဲ ဒီအမှုကို စဖော်တဲ့ ရဲအကြီးအကဲ ဝမ်လီဂျန်ကိုလည်း အာဏာအလွှဲသုံးစားလုပ်မှု၊ အဂတိလိုက်စားမှု၊ လူသတ်မှုကို ဖုံးကွယ်မှုတွေ၊ ဘက်ပြောင်းပြေးမှုတွေနဲ့ ထောင်ဒဏ် ၁၅ နှစ်ကို ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ချမှတ်ခဲ့ပါတယ်။ အခုလို အဖြစ်အပျက်တွေကြောင့် ဘိုရှီလိုင်ရဲ့ တောက်ပမယ့် အနာဂတ် ပျက်သွားပြီး သူရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး အမျိုးမျိုး သုံးသပ်နေခဲ့ကြပါတယ်။

အခုတော့ ဘိုရှီလိုင်ကို အာဏာအလွှဲသုံးစားလုပ်မှု၊ အဂတိလိုက်စားမှု၊ လူသတ်မှုကို ဖုံးကွယ်မှု၊ အမျိုးသမီးတွေနဲ့ မလျော်မကန် ပတ်သက်မှု စတဲ့ ဥပဒေချိုးဖောက်မှုတွေနဲ့ တရားစွဲလိုက်ပါပြီ။

လာမယ့် နိုဝင်ဘာလကျရင် တရုတ်ကွန်မြူနစ်ပါတီဟာ ခေါင်းဆောင်ပိုင်း အပြောင်းအလဲ လုပ်ဖို့ ရှိပါတယ်။ ဒါဟာ ဆယ်စုနှစ်တခုမှာ တကြိမ်သာ လုပ်လေ့ရှိပြီး အဲဒီမတိုင်ခင် အခုလို နိုင်ငံရေး အရှုပ်အရှင်းတွေကို တရုတ်ကွန်မြူနစ်ပါတီက အပြီးသတ်ရှင်းလင်းရေးလုပ်တာလို့ ဘေဂျင်းက ဘီဘီစီ သတင်းထောက် Martin Patience က ပြောပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။