BBC navigation

အီရတ်မှာ ထောင်တခု တိုက်ခိုက်ခံရ

နောက်ဆုံး ရေးသားချိန် 28 စက်တင်ဘာလ 2012 - 15:20 GMT

အီရတ်နိုင်ငံ တစ်ကရစ်မြို့ က ထောင်တခုကို သေနတ် သမားတွေက တိုက်ခိုက် ခဲ့တဲ့ အတွက် ထောင်စောင့် ၁၂ ဦး သေဆုံးသွားပြီး၊ အကျဉ်းသား ဒါဇင်နဲ့ ချီပြီး လွတ်မြောက် သွားခဲ့ပါတယ်။

ထွက်ပြေး လွတ်မြောက် သွားတဲ့ အကျဉ်းသားတွေဟာ အဲလ်ခိုင်းဒါး အမာခံ စစ်သွေးကြွတွေ ဖြစ်ကြတယ်လို့ အီရတ် ပါလီမန် အမတ်တဦးက ပြောပါတယ်။

ဒီတိုက်ခိုက်မှုကို သေနတ် သမားတွေနဲ့ ထောင်သား တချို့ အကြား အစီ အစဉ် ရှိရှိ ပူပေါင်း ကြံစည်ပြီး လုပ်ဆောင်ခဲ့တာ ဖြစ်ပုံ ပေါ်တယ်လို့ ဘဂ္ဂဒက်မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

သေနတ် သမားတွေနဲ့ တိုက်ပွဲ ဖြစ်ပွား ချိန်မှာ ရဲတပ်ဖွဲ့ဝင်တွေ သေဆုံး သွားတာ ဖြစ်ပြီး၊ သေနတ် သမားတွေက အကျဉ်းထောင်ကို စီးထား နိုင်ခဲ့တယ်လို့ အရာရှိ တဦးက ပြောပါတယ်။

ဒါပေမယ့် နောက်ပိုင်းမှာတော့ အီရတ် လုံခြုံရေး တပ်ဖွဲ့တွေက ထောင်ကို ပြန်သိမ်းယူ နိုင်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ခိုက်မှုတွေဟာ ကြာသပတေး ညဖက်က စလို့ သောကြာနေ့ မနက် အထိ ထောက်လျှောက် ဖြစ်ပွားခဲ့ တာပါ။ အခုတော့ တစ်ကရစ်မြို့မှာ ကာဖြူး အမိန့် ထုတ်ပြန် ထားပါတယ်။

ဒီသတင်းနဲ့ ပတ်သက်သမျှ

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။