BBC navigation

မူဂျာ ဟီဒင်ကို အကြမ်းဖက် အဖွဲ့ သတ်မှတ်ထားရာက ပယ်ဖျက်

နောက်ဆုံး ရေးသားချိန် 29 စက်တင်ဘာလ 2012 - 01:08 GMT

ပြည်သူ့ မူဂျာ ဟီဒင် အဖွဲ့ MEK ဆန္ဒပြနေပုံ

အီရန်က အတိုက်အခံ အဖွဲ့တခု ဖြစ်တဲ့ ပြည်သူ့ မူဂျာ ဟီဒင် အဖွဲ့ MEK ကို အမေရိကန် ပြည်ထောင်စုက အကြမ်းဖက် အဖွဲ့အဖြစ် သတ်မှတ်ထား ရာက ပယ်ဖျက် ပေးလိုက်ပါတယ်။

ဒီအဖွဲ့ဟာ သူတို့ရဲ့ အကြမ်းဖက်မှု စွန့်လွွှတ်ပြီး အပြင်းအထန် အမေရိကန် အစိုးရနဲ့ ညှိနှိုင်း ခဲ့ပြီးတဲ့နောက် အခုလို ကြေညာချက် ထွက်ပေါ်လာတာဖြစ်ပါတယ်။

၁၉၆၀ ခုနှစ်တုန်းက စတင် ထူထောင်ခဲ့ပြီး ရှားဘုရင် အုပ်ချုပ်မှုကို ဆန့်ကျင်ခဲ့တဲ့ ဒီမူဂျာဟီဒင် အဖွဲ့ရဲ့ ပိုင်ဆိုင်မှု ထိန်းချုပ်ထားတာကို အမေရိကန် က လျော့ပေါ့ ပေးတော့မှာ ဖြစ်ပြီး အဲဒီ အဖွဲ့နဲ့လည်း ဆက်သွယ် ဆောင်ရွက်တော့မှာ ဖြစ်ပါတယ်။

၁၉ရ၉ ခုနှစ် အစ္စလာမ် တော်လှန်ရေး နောက်ပိုင်းမှာ ဒီအဖွဲ့ဟာ အီရတ်မှာ အခြေစိုက် စစ်ရေး လေ့ကျင့် သင်တန်းပေးမှုတွေ ပြုလုပ်ပြီး အီရန်မှာ ဘာသာရေး အဖွဲ့အစည်းက အုပ်ချုပ်မှုတွေကို တိုက်ပွဲ ၀င်နေတာ ဖြစ်ပါတယ်။

အခုတော့ ငြိမ်းချမ်းတဲ့နည်းနဲ့ လက်ရှိ အီရန် အစိုးရကို ဖယ်ရှား ချင်တယ်လို့ အဲဒီ MEK အဖွဲ့က ပြောပါတယ်။

အီရန် အစိုးရကတော့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ကို ရှုတ်ချ လိုက်ပါတယ်။

ဆက်စပ်အကြောင်းအရာများ

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။