BBC navigation

စပိန်ဘဏ်တွေ ယူရို ဘီလီယံ ငါးဆယ်ထပ်လို

နောက်ဆုံး ရေးသားချိန် 29 စက်တင်ဘာလ 2012 - 01:19 GMT

စပိန်က လွတ်လပ်တဲ့ စာရင်းစစ် အဖွဲ့ ကြေညာချက်ထုတ်

စပိန်မှာ ဘဏ်တွေဟာ နောင်မှာ စီးပွားရေး အကြပ်အတည်း ဆိုက်မှုဒဏ်ကို ခံနိုင်ဖို့ နောက်ထပ် ယူရို ဘီလီယံ ငါးဆယ်လောက် လိုလိမ့်မယ်လို့ လွတ်လပ်တဲ့ သီးခြား စာရင်းစစ် အဖွဲ့ တခုက တွက်ချက် ခန့်မှန်း ခဲ့ပါတယ်။

တောင့်တင်းတဲ့ ဘဏ္ဍာရေး စံနစ်ကို ချမှတ်နိုင်တော့မှာ ဖြစ်တဲ့ အတွက် ဈေးကွက် မတည်မငြိမ် ဖြစ်အောင် ဖန်တီးမယ် အခြေအနေ မရှိနိုင်တော့ပါဘူးလို့ စပိန် ဘဏ္ဍာရေး ၀န်ကြီး FERNANDO JIMENEZ LATORRE က ပြောပါတယ်။

ဒီတွေ့ရှိချက်တွေကြောင့် စပိန် အစိုးရ အနေနဲ့ ဥရောပ သမဂ္ဂ ဆီကနေ ကယ်ဆယ်ရေး ကူညီငွေ ဘယ်လောက် လိုမလဲ ဆိုတာကို အဆုံးအဖြတ် ပေးနိုင်မှာ ဖြစ်ပါတယ်။

အဆိုးရွားဆုံး အခြေအနေ အပေါ် ခန့်မှန်းသုံးသပ်ချက်က အရင်တွက်ချက် ထားတာတွေနဲ့ တထပ်တည်း ကိုက်ညီမှု ရှိခဲ့ပြီး ယူရိုဇုန် အဖွဲ့၀င် နိုင်ငံတွေက စပိန်ကို ယူရိုဘီလီယံ တရာ ကယ်ဆယ် ကူညီဖို့ ပြီးခဲ့တဲ့ ဇွန်လတုန်းကဘဲ သဘောတူခဲ့တာ ဖြစ်ပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။