BBC navigation

ဂွမ်တာနာမိုအကျဉ်းသားကို ကနေဒါပို့

နောက်ဆုံး ရေးသားချိန် 29 စက်တင်ဘာလ 2012 - 23:45 GMT
omar_khadr

ဂွမ်တာနာမို အကျဉ်းသား အိုမာခါဒါး

အမေရိကန် ပြည်ထောင်စုက ဂွမ်တာနာမိုဘေး အကျဉ်းစခန်းမှာ ဖမ်းဆီး ထိန်းသိမ်းထား ခဲ့တဲ့ အသက်အငယ်ဆုံး အကျဉ်းသား အိုမာခါဒါး ကို ကျန်ရှိနေတဲ့ သူ့ရဲ့ ပစ်ဒဏ်ကို နေရင်း ကနေဒါ နိုင်ငံမှာ ဆက်လက် ကျခံဖို့ အတွက် ကနေဒါကို ပို့ဆောင် လိုက်ပါတယ်။

သူ့ကို အွန်တေရီယိုမှာ ရှိတဲ့ လုံခြုံရေး တင်းကျပ်တဲ့ မေးလ်ဟဲဗဲန်း အကျဉ်းထောင်မှာ ထိန်းသိမ်းထား ပါတယ်။ ခါဒါးကို ၂၀၀၂ ခုနှစ်က အာဖဂန်နစ္စတန် မှာ ဒဏ်ရာနဲ့ ဖမ်းမိခဲ့တာ ဖြစ်ပြီး အဲဒီ အချိန်က သူဟာ အသက် ၁၅ နှစ်သာ ရှိပါသေးတယ်။

သူက အမေရိကန် စစ်သည် တယောက်ကို သတ်ဖြတ် ခဲ့တဲ့ အကြောင်းကို ဝန်ခံခဲ့ပြီး ဂွန်တာနာမိုမှာ ၈ နှစ်ကြာ ထိန်းသိမ်းထား အပြီးမှာ သူ့ကို အမေရိကန် စစ်ခုံရုံးကနေ စစ်ရာဇဝတ်မှုနဲ့ အပြစ်ရှိကြောင်း ဆုံးဖြတ် ခဲ့ပါတယ်။

ကနေဒါ ပြည်သူ့ လုံခြုံရေး ဝန်ကြီး ဗစ်တိုးစ် ကတော့ ကနေဒါ ပြည်သူတွေရဲ့ လုံခြုံရေးအတွက် အိုမာခါဒါးကို ကနေဒါမှာ အကျဉ်းကျခံ နေစဉ် အတွင်း သူကျူးလွန်ခဲ့တဲ့ ပြစ်မှု တွေအတွက် ကနေဒါက ကိုင်တွယ် ဆောင်ရွက်နိုင်မှာ ဖြစ်လို့ ကျေနပ်မိတဲ့ အကြောင်းနဲ့ သူ့ရဲ့ အနာဂတ် ကိုတော့ လွတ်လပ်တဲ့ ဘုတ်အဖွဲ့တခုက ကနေဒါ ဥပေဒေ တွေနဲ့ အညီ ဆောင်ရွက် ဆုံးဖြတ် သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

BBC © 2014 ပြင်ပ အင်တာနက်ဆိုက်များတွင် ပါဝင်သော အကြောင်းအရာ များကို ဘီဘီစီကတာဝန် မယူပါ

ဤစာမျက်နှာကို CSS ဖွင့်ထားသော နောက်ဆုံးပေါ် internet browserနဲ့ အကောင်းဆုံး ကြည့်နိုင်ပါတယ်။ အကောင်းဆုံး ကြည့်နိုင်ဖို့ ကိုယ့် browser ကို အဆင့်မြှင့်နိုင်ရင်မြှင့်ပါ၊ CSS ကိုဖွင့်ထားရင်လည်း အဆင်ပြေနိုင်ပါတယ်။